Sunday, May 18, 2008

သီချင်းဆိုပြမယ် :P




ကျွှန်တော့် Blog ကို လာလည်တဲ့ မိတ်ဆွေ တွေကို သီချင်းဆို ပြမယ်လို့ စဉ်းစား ထားတာ ကြာပြီ။ ဒါပေမယ့် ပတ်ဝန်းကျင် ကို အားနာ တာရယ် မိတ်ဆွေ တွေနဲ့ မိတ် မပျက် ချင်တာရယ် ကြောင့် ။ Blog မှာ ခဲတွေ ရေသန့်ဘူးတွေ နဲ့ ပစ်သွားမှာစိုးလို့ မဆိုခဲ့ရဘူး :D ။ ကဲ ဒီနေ့ တော့ ဘာပဲ ဖြစ်ဖြစ် ဆိုမယ် ဗျာ ( ပေါက်ကွဲပြီ):P ။ သန့်ရှင်းရေး ၇ ယောက် လဲခေါ် ထားတယ်။ သူတို့ တွေကတော့ ကျွှန်တော့် ခိုင်းဘက် အိမွန်တာ နဲ့ Yummy Honey ၊ ကျွှန်တော့် အကိုကြီး တွေ ဖြစ်တဲ့ ကိုဖီဒို ၊ ကို အောက်စိ ၊ ကို ပေါ်ပေါ် နဲ့ ကျွှန်တော် စမ်းနေကျ ( ဂျီတော့ ဖြင့် Mic စမ်းခြင်း ) ကို အိမ်မက်ရှင် တို့ နဲ့ အားဖြည့် ထား ပါတယ် ။ :P ဒီဇင်ဘာ ည ဆိုတဲ့ အလွမ်း သီချင်းပေါ့။ အားပေးသွားပါဦးဗျို့ . . . :P

P.s - အဲဒါ ကျွှန်တော် လုပ်ထားတဲ့ Avater လေးပါ ။ တကယ် အရှက် မရှိ ဆိုပြနေတယ် ထင်မှာစိုးလို့ :P

Saturday, May 17, 2008

Fifa 08


ဂိမ်းတွေ ထဲက ကျွှန်တော် အကြိုက် ဆုံး EA Sport ကထုတ်တဲ့ Fifa ကို ၂၀၀၃ ကတည်းက ကျွှန်တော် ကစား လာတာ။ ပုံမှန်ဆို ကျွှန်တော် တို့ ဂိမ်းခွေ ကို ထည့်ဆော့ ချင်ဆော့၊ ဂိမ်းခွေ မထည့်ရင် CD ကို Demon Tool , Alcohol 120% တို့နဲ့ Image Mount ပေးရ တယ်လေ။ အခုတော့ CD ထည့် Image mount ရတာ အတွက် စိတ်ညစ်စရာမလိုတော့ဘူး။ဒီ Fifa 08.exe ဖိုင် ကို Installation Directory ထဲက Fifa 08.exe နဲ့ Replace လုပ်ပေး လိုက်တာနဲ့ Crack စရာ CD ထည့်စရာ စရာမလိုတော့ဘူးဗျို့။ အဟက်ဟက်ဟက် ။ ကောင်းလေစွ ကောင်းလေစွ :P

.::: Fifa 08 ::.
Size - 6.58 MB

Fifa 08 Game တစ်ခုလုံးကို Download လုပ်ချင်တယ်ဆိုရင်တော့ . . . အောက်က link တွေမှာ လုပ်နိုင်ပါတယ်။ :)

.:: Part .1 ::.
.:: Part.2 ::.
.:: Part.3 ::.
.:: Part.4 ::.
.:: Part.5 ::.
.:: Part.6 ::.

Size - 600MB
.:: Password - palwolf

Friday, May 16, 2008

မိတ်ဆွေ စက်က အရမ်း လေး နေလား။တစ်ခါတစ်လေကျ ရင် ကိုယ် ဖွင့်ချင်တဲ့ Program တွေ ဖွင့်တာကြာနေတာ၊ ဒါမှမဟုတ် မိတ်ဆွေ ရဲ့ စက်က Window အတက်မှာ အရမ်း လေး နေတာတို့ ကြုံရ မှာပေါ့ ။ Start Up က မလိုအပ်တဲ့ Program တွေ run နေပြီး Loading လုပ်တာကြာ နေတာပါ။ ဒီတော့ ကျွှန်တော် အမြဲသုံး ဖြစ်တဲ့ Freeware လေး ၂ ခုရှိ တယ်ဗျ။ Advance Window Care နဲ့ Ccleaner ဆိုတာတွေပါ။ Advance Window Care က Registery Fix လုပ် ပေးတဲ့ အပြင် သူက System Restore Point ပါထား ပေး ခဲ့တော့ နောက် တစ်ခုခု ဖြစ်ရင်လဲ Restore လုပ်လို့ အဆင် ပြေ သွားတယ်။ ပြီးတော့ Start Up က run နေတဲ့ မလို အပ်တဲ့ application တွေကိုလဲ လွယ်လွယ် ကူကူ ဖြုတ်ချ နိုင်တယ်။ Scan ဆိုတာလေးနှိပ် ခဏစောင့်ပြီး Repair လေးနှိပ်ရုံပဲ။ နောက် Ccleaner ။ အဲဒါ လေးကလဲ တော်တော် ကိုအဆင် ပြေတယ်။ အခု Freeware တွေထဲမှာ နာမည် ကြီးနေတာ သူက။ သူက IE , Mozilla Firefox ရဲ့ Temporary Files , Cookies , History တွေ ရယ် Recent Documents , Recycle Bin , Memory Dumps စတာ တွေပါ ရှင်း ပေးတဲ့ အတွက် စက် Performance က တော်တော် တက်လာတယ်။ Uninstaller , Rigistery Fix နဲ့ Start Up management လဲပါတယ်။ Advance Window Care Personal ကို ဒီက နေ Download လုပ်ပြီး Ccleaner ( www.ccleaner.com ) ကိုတော့ ဒီမှာ ရယူနိုင်ပါတယ် ။ ပုံမှန်လေး ရှင်းပေး ရင် စက်က သိသိ သာသာ သွက်သွက်ခါ သွားမှာ မြင်ယောင်သေးတယ်။ :P

Monday, May 5, 2008

ဗိုင်းရပ် အများစု ဟာ Removeable Drive တွေ ဖြစ်တဲ့ Flash ,Pen Drive တွေကနေ အများဆုံး ကူးစက်တတ်ပါတယ်။ မိတ်ဆွေ ရဲ့ Pen Drive မှာ ဗိုင်းရပ် ရှိနေရင်တော့ ကွန်ပြူတာနဲ့ ချိတ်ဆက် လိုက်တာနဲ့ ကူးစက်ဖို့ လွယ်ကူ သွားမှာပေါ့။ တစ်ခါ တစ်လေ ကျရင် My Computer က ကိုယ့် Pen Drive ရဲ့ ပေါ်မှာ Right Click နှိပ်လိုက်တာနဲ့ Explore , Open တို့ ဖြစ်ရမယ့်အစား Autorun , Play တို့ ဖြစ်နေ တတ်တာ ကို သတိပြုမိမှာပေါ့။ ဒါဆိုရင်တော့ မိတ်ဆွေ ရဲ့ Pen Drive မှာ ဗိုင်းရပ် ကပ်တယ် ဆိုတာ သေချာပါတယ်။ ဗိုင်းရပ်က Autorun.inf ဆိုတာလေးကို ဖန်တီးထားပြီး စက်မှာ တပ်လိုက် တာနဲ့ အလုပ်လုပ်စေတာပါ။ ကျွှန်တော် သုံး တဲ့ Flash-Disinfector ဆိုတဲ့ Freeware လေးက ဗိုင်းရပ်က Create လုပ်မယ့် Autorun.inf ဖိုင်ကို သူက ကြိုဖန်တီး ပြီး ဗိုင်းရပ် ထပ် မလုပ် နိုင်အောင် တားပေးတာပါ ။ Flash-Disinfector ကို ဒီမှာ ယူလိုက်ပါ။ Download လို့ ရလာတဲ့ ဖိုင်လေးကို မိမိ Pen Drive ကို စက်မှာ တပ်ပြီး Run လိုက်ပါ။ Dialog Box လေးကျလာရင် Ok နှိပ်လိုက်ပါ။ Monitor မှာ ခဏ Blank ဖြစ်ပြီး Ok လို့ပေါ်လာပါ လိမ့်မယ်။ အဲဒါ ဆို ရင် မိတ်ဆွေ ရဲ့ Pen Drive ကနေ ဗိုင်းရပ် ကူးဖို့ဆိုတာ 100 % မဟုတ်ရင်တောင် ကာကွယ်ပြီး သား ဖြစ်သွား ပါလိမ့် မယ်။

Sunday, May 4, 2008

လစာထုတ်ရက် နိဂုံး

ဆိုင်ကယ် ကိုစီးရင်းနဲ့ တစ်လမ်းလုံး တွေးလာတယ် . . ။ ဒီနေ့ လစာ ရပြီလေ။ ပျောက် သွား မှာ စိုးလို့ လက်တစ်ဖက် က ပိုက်ဆံအိတ် ကို ကိုင် တစ်ဖက်တည်း မောင်းလာတာ (လောဘ လောဘ :P )။ အိမ်ရောက်တော့ မနား သေးဘူး။ အခန်း ထဲ မှာ တွက်ချက် ရေး လုပ်နေရတယ် . . ။

အင်း . . ကျောင်းလခ က .ဒီလောက် ဒီလောက် ဆိုတော့ ပါမစ်ဖိုး နဲ့ ပေါင်းရင် ၊ဆိုင်ကယ် သော့ ရယ် ဘီးခွန် ပျောက်လို့ လုပ် လိုက် ရ တာ တွေက အဲလောက် ရှိတယ်။ ဒီလ အသုံးစရိတ် လဲများတော့ ပေါင်း လိုက်ရင် အင်း . . . ဆိုင်ကယ်ဆီဖိုး က . . ထည့်တွက် ရဦးမယ် ။ ဆိုင်ကယ် ဦးထုတ် မှန်ကာဘာ ၀ယ်ရတာ နဲ့ ပြင်ခရယ် ဆိုရင် . . အားလုံးပေါင်းတော့ ဒီလောက် . .အခန်း လခ ပါ . . ထည့် ပေါင်း လိုက်ရင် . . အဲလောက် ဆိုတော့ ပစ္စည်းဝယ်လို့ မြုတ်နေတာတွေက . လဲ ထည့် တွက်ရင် . . . ပိုက်ဆံ ချည်း ထားတာကလဲ ပေး ရဦးမယ် . . အဲဒါ ပါတွက်ရင် . . . အား ကုန်ဘာဘီ . .

နောက်လအတွက် Stand by လုပ်ဖို့လဲ ချန်ရဦးမယ် . .

အလုပ် ကနောက်ကျလို့ Fine ဖြတ်တာလဲ ပါသေးတယ်။

နိဂုံး ချုပ်တော့ ဒီလတော့ ဂီလာန တိုက်ပြီ လို့တော့သိလိုက်ပြီ။

းးး ဂိန်ဂင် ဂိန်ဂင် ဂိန်ဂင်းး
( ဖုန်းမည်သံ . . ဖုန်းကလဲ ဘက်ထရီ မကောင်းလို့ လဲရဦးမယ် ) :(

ကျောင်းက သူငယ်ချင်း Kelvin ကဖုန်းခေါ်တာ . .
( စကားပြောသံ များကိုမြန်မာလို ဆီလျှော် အောင်ပြန်ပေးထားပါသည် ):P

ကျွှန်တော် : အေးသားကြီးပြော . .


Kelvin : ယောက်ဖ မင်းတော့ နားကားတော့မယ် . .

ကျွှန်တော် : ဟေ ဘာလို့လဲကွ

Kelvin : ကျောင်းက ဆရာက မင်း Assignment ကို Due date မတင်ရင် ဂွမ်းပြီတဲ့ . .

ကျွှန်တော် : ဟာ သူတို့ ကလဲ ဆရာလုပ်နေဘီ သည်းမခံ နိုင်ဝူးလားကွ ဟေ။ ချင်းချင်းတွေ ကိုကွာ နောက်လဲ ဆက်ဆံ ရမယ့်ကိစ္စ ကို . :P

Kelvin : အေး အဲဒါ တော့ မသိဝူး . . . ငါလဲ မပြီးသေးဘူး၊ မင်းပြီးပြီးလားလို့ . ပြီးရင်လဲ ဖုန်းလေး ဘာလေးတော့အုန်း . .

ကျွှန်တော် : !@#$%^&*(*&^%$#@ အင်းပါ

Kelvin : ဒါပဲ ယောက်ဖ

ကျွှန်တော် : အိုကေ . .

စိတ်ပျက်ရတဲ့ အထဲ . .ဖုန်းကလာသေးတယ်။ ဒီလလဲ ကံမကောင်းတဲ့ လ တစ် လ ပဲ ထင်တယ် ။ Assignment ၂ ခုကိုလဲ ဆရာကအကြွေးတောင်း တာကျနေတာပဲ။

ဟာာာ အခုမှ သတိရတယ် . . အ၀တ်တွေလဲလျှော် ရဦးမယ် . . သေဟ သေဟ

 

© New Blogger Templates | Webtalks