Friday, May 23, 2008

McAfee SiteAdvisor


အခုခောတ်မှာ Virus တစ်ခု တည်းက သာ PC ရဲ့ လုံခြုံရေး ကို ပြသာနာ ပေး နိုင်တာမဟုတ်ပါဘူး။ Virus နဲ့ အလားတူပဲ ဒုက္ခ ပေးနိုင်တဲ့ Spyware , mareware , worm စတာ တွေကလဲ အများအပြား ရှိပါတယ်။ Internet ကို အသုံး ပြုသူတွေ အတွက် ကတော့ မိမိ ရဲ့ Computer ထဲကို Spyware , Trojen စတာ တွေ ၀င်ဖို့ အရမ်းလွယ်ကူ လွန်းပါတယ်။ Website ကဖိုင် တွေကို Download လုပ်ပြီး Virus ၀င်တာတွေ၊ Web မှာ Register လုပ်ပြီးမှ Spam mails ၀င်တာတွေ၊ Site တွေကနေ မိမိ ရဲ့ Pc ကို Trace လုပ်ပြီး Internet သုံးတာနဲ့ Advertisement တွေ ဆက်တိုက် ပို့ခံ နေရ တာတွေ က စိတ်ညစ်ဖို့ အရမ်း ကောင်းပါတယ်။ အထူး သဖြင့် IE Browser တွေဆို ပိုခံရပါတယ် ။ အဲဒီ အတွက် McAfee ကထုတ်တဲ့ SiteAdvisior လေးကို သုံးသင့်ပါတယ် ။ Firefox Browser နဲ့ IE Browser အတွက် ၂မျိုး ထွက်ရှိ ထားပြီး သုံးစွဲသူ အများစု ကလဲ ထောက်ခံ ကြပါတယ်။ Browser မှာ Plugin အဖြစ် ပေါ့ပေါ့ ပါးပါး အသုံး ပြုနိုင်တဲ့ အားသာချက် နဲ့ Site က Spam mail , Unwanted Mail နဲ့ Pop up တွေကို ဘယ်လောက် ပို့တယ်က အစ Details နဲ့ ဖော်ပြ ပေးပါတယ်။

Installation Instruction

Firefox Browser အတွက် . . .

Firefox Browser ရဲ့ Tools က Options ကိုသွားပါ။
Option Dialog Box လေးကျရင် Content က Exceptions ကိုသွားပါ ။


Allow Site Dialog Box ပေါ်လာရင် www.download.com ကိုရိုက်ပြီး Allow ကိုနှိပ်လိုက်ပါ။


ပြီးတာနဲ့ Install လုပ်ဖို့ အတွက် ဒီနေရာ ကို နှိပ်ပါ။
Box ပေါ်လာရင် ပုံပါ အတိုင်း Install now ကိုနှိပ်လိုက်ပါ။

Install လုပ် ပြီး Browser Restart တောင်းရင် ပေးလိုက်ပါ။

IE Browser အတွက် . . .

IE Browser အတွက် ကို ဒီနေရာ မှာ Download ပြီး Install လုပ်ပါ။
Browser ကို Restart လုပ်ပေးလိုက်ပါ။

အသေးစိတ် ကိုတော့ http://www.siteadvisor.com မှာသွားပြီး ကြည့်ရှုနိုင်ပါတယ် ။

Thursday, May 22, 2008

DvD X Player Professional


DvD X လို့ခေါ်တဲ့ Player လေး ကို သုံးကြည့် မှ ကြိုက် သွားတယ်။ စွမ်းဆောင် မှုက တော့ အံ့မခန်း ပဲဗျာ။ ဖိုင် ဆိုဒ် သေးသေးလေး နဲ့ Divx , Mpeg4 , RM , Quick Time , WMV , WMV -HD , Flash နဲ့ Popular Format တွေကို လွယ်လွယ် ကူကူ ကြည့်နိုင် တယ်လေ။ ထူးခြားတဲ့ Design လေးနဲ့ Appearance ကလဲ သဘောကျ စရာပါပဲ။ Dvd ရုပ်ရှင် တွေကို ကြည့်ရင် ကြည်လွန်းလို့ ဖောက်တောင် မြင်ရတယ်လို့ သူငယ်ချင်း တစ်ယောက် က ပြောထားပါတယ်။ Company က ကော်မရှင် ပေးထားလို့ အဲလောက်ညွှန်းနေတာထင်နေဦးမယ် :P ။ လိုချင်ရင်တော့ အောက်မှာ Download လုပ်နိုင်ပါတယ်။


Size - 5.02 MB

Friday, May 16, 2008

မိတ်ဆွေ စက်က အရမ်း လေး နေလား။တစ်ခါတစ်လေကျ ရင် ကိုယ် ဖွင့်ချင်တဲ့ Program တွေ ဖွင့်တာကြာနေတာ၊ ဒါမှမဟုတ် မိတ်ဆွေ ရဲ့ စက်က Window အတက်မှာ အရမ်း လေး နေတာတို့ ကြုံရ မှာပေါ့ ။ Start Up က မလိုအပ်တဲ့ Program တွေ run နေပြီး Loading လုပ်တာကြာ နေတာပါ။ ဒီတော့ ကျွှန်တော် အမြဲသုံး ဖြစ်တဲ့ Freeware လေး ၂ ခုရှိ တယ်ဗျ။ Advance Window Care နဲ့ Ccleaner ဆိုတာတွေပါ။ Advance Window Care က Registery Fix လုပ် ပေးတဲ့ အပြင် သူက System Restore Point ပါထား ပေး ခဲ့တော့ နောက် တစ်ခုခု ဖြစ်ရင်လဲ Restore လုပ်လို့ အဆင် ပြေ သွားတယ်။ ပြီးတော့ Start Up က run နေတဲ့ မလို အပ်တဲ့ application တွေကိုလဲ လွယ်လွယ် ကူကူ ဖြုတ်ချ နိုင်တယ်။ Scan ဆိုတာလေးနှိပ် ခဏစောင့်ပြီး Repair လေးနှိပ်ရုံပဲ။ နောက် Ccleaner ။ အဲဒါ လေးကလဲ တော်တော် ကိုအဆင် ပြေတယ်။ အခု Freeware တွေထဲမှာ နာမည် ကြီးနေတာ သူက။ သူက IE , Mozilla Firefox ရဲ့ Temporary Files , Cookies , History တွေ ရယ် Recent Documents , Recycle Bin , Memory Dumps စတာ တွေပါ ရှင်း ပေးတဲ့ အတွက် စက် Performance က တော်တော် တက်လာတယ်။ Uninstaller , Rigistery Fix နဲ့ Start Up management လဲပါတယ်။ Advance Window Care Personal ကို ဒီက နေ Download လုပ်ပြီး Ccleaner ( www.ccleaner.com ) ကိုတော့ ဒီမှာ ရယူနိုင်ပါတယ် ။ ပုံမှန်လေး ရှင်းပေး ရင် စက်က သိသိ သာသာ သွက်သွက်ခါ သွားမှာ မြင်ယောင်သေးတယ်။ :P

Monday, May 5, 2008

ဗိုင်းရပ် အများစု ဟာ Removeable Drive တွေ ဖြစ်တဲ့ Flash ,Pen Drive တွေကနေ အများဆုံး ကူးစက်တတ်ပါတယ်။ မိတ်ဆွေ ရဲ့ Pen Drive မှာ ဗိုင်းရပ် ရှိနေရင်တော့ ကွန်ပြူတာနဲ့ ချိတ်ဆက် လိုက်တာနဲ့ ကူးစက်ဖို့ လွယ်ကူ သွားမှာပေါ့။ တစ်ခါ တစ်လေ ကျရင် My Computer က ကိုယ့် Pen Drive ရဲ့ ပေါ်မှာ Right Click နှိပ်လိုက်တာနဲ့ Explore , Open တို့ ဖြစ်ရမယ့်အစား Autorun , Play တို့ ဖြစ်နေ တတ်တာ ကို သတိပြုမိမှာပေါ့။ ဒါဆိုရင်တော့ မိတ်ဆွေ ရဲ့ Pen Drive မှာ ဗိုင်းရပ် ကပ်တယ် ဆိုတာ သေချာပါတယ်။ ဗိုင်းရပ်က Autorun.inf ဆိုတာလေးကို ဖန်တီးထားပြီး စက်မှာ တပ်လိုက် တာနဲ့ အလုပ်လုပ်စေတာပါ။ ကျွှန်တော် သုံး တဲ့ Flash-Disinfector ဆိုတဲ့ Freeware လေးက ဗိုင်းရပ်က Create လုပ်မယ့် Autorun.inf ဖိုင်ကို သူက ကြိုဖန်တီး ပြီး ဗိုင်းရပ် ထပ် မလုပ် နိုင်အောင် တားပေးတာပါ ။ Flash-Disinfector ကို ဒီမှာ ယူလိုက်ပါ။ Download လို့ ရလာတဲ့ ဖိုင်လေးကို မိမိ Pen Drive ကို စက်မှာ တပ်ပြီး Run လိုက်ပါ။ Dialog Box လေးကျလာရင် Ok နှိပ်လိုက်ပါ။ Monitor မှာ ခဏ Blank ဖြစ်ပြီး Ok လို့ပေါ်လာပါ လိမ့်မယ်။ အဲဒါ ဆို ရင် မိတ်ဆွေ ရဲ့ Pen Drive ကနေ ဗိုင်းရပ် ကူးဖို့ဆိုတာ 100 % မဟုတ်ရင်တောင် ကာကွယ်ပြီး သား ဖြစ်သွား ပါလိမ့် မယ်။

Sunday, September 9, 2007

3GP Converter and Player


3GP Converter & Player ဖြစ်ပါတယ် . . .
မိုဘိုင်း ဗီဒီယို လုပ်တဲ့ ဆော့ဝဲလ်ပါ။
Player ပါ ထည့်ပေးထားတယ် ။

Size - 10.7 MB

Wednesday, September 5, 2007

Internet Download Manager 5.02.14


Internet Download Manager ပါ။
Link ပေးပြီး Direct ဒေါင်းလုတ် လုပ်လို့လဲရပါတယ်။

Link တွေ အများကြီး ပေးထားပြီး တစ်ဆက်တည်း Download လုပ်ခိုင်းလဲ ရပါတယ်။

Size - 1.92 MB

Saturday, August 25, 2007

CyberLink Power DVD Deluxe Edition 7.0


ဒီဆော့ဝဲလ် ကတော့ တကယ် ကောင်းပါတယ်။
နောက်ဆုံး ဗားရှင်းပါ။
ဒါရှိရင်
Window Media Player ကို ခေါက်ထား လိုက်လို့ ရပြီ။
Video ကြည့်လွန်းတဲ့ လူတွေ အတွက် အရမ်းကောင်းပါတယ်။
ဒါလဲ Media Player တွေထဲမှာ နာမည်ကြီး ပါတယ်။
ကဲ Window Media Player ကိုချောင်ထိုး ထားလိုက်တော့
တကယ်တမ်း Window Media Player က အဲလောက် မကောင်းပါဘူး။
ဒေါင်းစေ ချင်လို့ ပေးတာပါ။


Serial Number က ဒီကယူလိုက် . . .

.:: 7ZCVK-6PD93-MR6VA-PL6UF-USPM8-LEBM9 ::.

Size - 25.06 MB

Wednesday, August 22, 2007

WinAmp 5.35


သိကြတယ်မလား WinAmp လေ
Audio Player ထဲမှာ အရမ်းလန်းတယ် ဟဲဟဲ
Skin လှလှ လေးတွေလည်း အများကြီး ရှိတယ်။
အသံ ထွက်လဲ ကောင်းတယ်။

Size - 6.09 MB

NO.1 Dvd Ripper


ဒါက DVD ရုပ်ရှင်တွေ Rip လုပ်လို့ရပါတယ်။
သူကတော့ နံပါတ် ၀မ်း တဲ့ သူ ဆော့ဝဲလ် နာမည်ကို။
မိုက်ပါတယ်။

Size - 1.76 MB

မြန်မာ ဖောင့် များ


ကဲကဲ .. ဒါကတော့ မြန်မာ လူမျိုး တွေပဲ သုံးတဲ့ မြန်မာ ဖောင့် တွေ။
ကျွန်တော် မှာရှိတာဒါ အကုန်ပဲ။
တမင် သက်သက် စုပြီး တင်ပေးလိုက်တာ အမြင်ကတ်လို့ ဟီဟီ ..
အမြင်ကတ်အောင်တော့ မလုပ်ကြနဲ့နော် . . .
အကုန် တင်ပလိုက်မှာ ဟဲ ဟဲ
အားလုံးပေါင်း ၂၅၂ ဖောင့် ပါပါတယ်။

Size - 9.22 MB

Vista Transformation Pack 6.0 RC1


Window Xp မှာ Window Vista ရဲ့ အသွင်အပြင်လေးနဲ့စိတ်ကိုလန်းဆန်း နေချင်သလား။
Window Vista ရဲ့ Function အတိုင်းလဲ ဖြစ်တယ်။
သုံးရတာလည်း လွယ်ကူပါတယ်။
သုံးလို့လဲကောင်း ပါတယ်။
Window Xp သုံးလို့ရတဲ့စက်တွေနဲ့သင့်လျှော်ပါတယ်။
Just Download ပေါ့။

Size - 14.09 MB

VCD Cutter 4.0


ဒီဆော့ဝဲလ် လေးက MP3 ဖိုင်လေးတွေ ကိုလဲ ကိုယ်လိုသလို ဖြတ်တောက်လို့ရတယ်။

.dat ကနေ MP3 , AVI , MPEG Formatွယ်တကူ ပြောင်းနိုင်ပါတယ်၊
ကျွန်တော် သုံးနေကျ ဆော့ဝဲလ် လေးပါပဲ။
VCD Cutter ကို Install လုပ်စရာ မလိုပါဘူး . . .
ဖိုင်ကို Exract လုပ်ပြီး ရလာတဲ့ Folder ကိုကြိုက်တဲ့နေရာထားပါ . .
Folder ဖွင့်ပြီး ရိုးရိုးသုံးရုံပါပဲ။

Size - 640.43 KB

 

© New Blogger Templates | Webtalks