Friday, May 16, 2008

သန့်ရှင်းရေး ခေါ်မလား . .

မိတ်ဆွေ စက်က အရမ်း လေး နေလား။တစ်ခါတစ်လေကျ ရင် ကိုယ် ဖွင့်ချင်တဲ့ Program တွေ ဖွင့်တာကြာနေတာ၊ ဒါမှမဟုတ် မိတ်ဆွေ ရဲ့ စက်က Window အတက်မှာ အရမ်း လေး နေတာတို့ ကြုံရ မှာပေါ့ ။ Start Up က မလိုအပ်တဲ့ Program တွေ run နေပြီး Loading လုပ်တာကြာ နေတာပါ။ ဒီတော့ ကျွှန်တော် အမြဲသုံး ဖြစ်တဲ့ Freeware လေး ၂ ခုရှိ တယ်ဗျ။ Advance Window Care နဲ့ Ccleaner ဆိုတာတွေပါ။ Advance Window Care က Registery Fix လုပ် ပေးတဲ့ အပြင် သူက System Restore Point ပါထား ပေး ခဲ့တော့ နောက် တစ်ခုခု ဖြစ်ရင်လဲ Restore လုပ်လို့ အဆင် ပြေ သွားတယ်။ ပြီးတော့ Start Up က run နေတဲ့ မလို အပ်တဲ့ application တွေကိုလဲ လွယ်လွယ် ကူကူ ဖြုတ်ချ နိုင်တယ်။ Scan ဆိုတာလေးနှိပ် ခဏစောင့်ပြီး Repair လေးနှိပ်ရုံပဲ။ နောက် Ccleaner ။ အဲဒါ လေးကလဲ တော်တော် ကိုအဆင် ပြေတယ်။ အခု Freeware တွေထဲမှာ နာမည် ကြီးနေတာ သူက။ သူက IE , Mozilla Firefox ရဲ့ Temporary Files , Cookies , History တွေ ရယ် Recent Documents , Recycle Bin , Memory Dumps စတာ တွေပါ ရှင်း ပေးတဲ့ အတွက် စက် Performance က တော်တော် တက်လာတယ်။ Uninstaller , Rigistery Fix နဲ့ Start Up management လဲပါတယ်။ Advance Window Care Personal ကို ဒီက နေ Download လုပ်ပြီး Ccleaner ( www.ccleaner.com ) ကိုတော့ ဒီမှာ ရယူနိုင်ပါတယ် ။ ပုံမှန်လေး ရှင်းပေး ရင် စက်က သိသိ သာသာ သွက်သွက်ခါ သွားမှာ မြင်ယောင်သေးတယ်။ :P

3 Comments:

  1. အိမ်မက်ရှင် (Dreammaker) said...
    သွက်သွက်ခါလို့ စက်ပြုတ်ကျရင် ညီလေး အသစ်တစ်လုံးပြန်ဝယ်ပေးနော်၊ လစာထုတ်ရင် ... ဟားဟား ... နောက်တာ ... လို့မထင်နဲ့ ... တကယ် ... မဟုတ်ဘူး ... :))
    eitar said...
    စက်ကသွက်သွက်ခါတာတင်မကဘူး..ဖျတ်ဖျတ်ကိုလူးနေပြီ...တောက် :S
    KPZ said...
    စက်ကြီးလေးနေတာ ကြာပီ။ ကျေးဇူး ကျေးဇူး

Post a Comment



 

© New Blogger Templates | Webtalks