Thursday, May 29, 2008

ကျုပ်အသက် ၇၀


ကျုပ်လဲ အခုတလော လမ်းလျှောက် မထွက်တာကြာပြီ။ အသက်က ကြီးလာတော့ လမ်းမှန်မှန် မလျှောက်ပေးရင် စိတ်က မလန်းတော့ဘူး။ မဒီ ကတော့ အခုထိ အိပ်နေတုန်း။ အင်းလေ သူလဲ စားလိုက် အိပ်လိုက်ဆိုတော့ ဘယ် မပင်ပန်းပဲနေမလဲ ၊ စိတ်ကဖြည့်တွေး ပြီး မျက်နှာ သွားသစ်လိုက်တယ် ။ မျက်နှာ သစ်ပြီးတာနဲ့ ဒီမနက် မနက်စာ ဘယ်မှာ အားပေးရင်ကောင်းမလဲ ဆိုတာ စဉ်းစားရတယ်။ တစ်ခါ တစ်လေ အသိ များတာကလည်း မကောင်းဘူး။ အသစ်ဝယ်ထားတဲ့ ဖိနပ်နဲ့ သွားရမယ် ဆိုပြီး ဖိနပ်စင်ရောက်တော့ ဖိနပ်က မရှိဘူး။ ဟိုကောင် အငယ်ကောင် ၁၀၉ ၁၁၀ ယူသွားတာ ဖြစ်မယ် တောက်. . ။ အလုပ်လုပ်ပါ ဆိုလဲ မလုပ်ချင်ဘူး . . . အိမ်ထောင် ပြုပေးမယ် ကြံတော့လည်း ဒီကောင် က အင်တင်တင်နဲ့ ။ ပျင်းတာကလဲ သူ့ အမေအတိုင်းပဲ :P ။ ရှိနေတဲ့ ဖိနပ် ဟောင်းလေး ၀တ် တံခါးဝ နားက ဦးထုတ်နဲ့ တောင်ဝှေး ကိုယူပြီး ခြံပြင် ထွက်လိုက်တယ် ။ ဆောင်းရာသီ ဆိုတော့ နှင်းလေး တဝေေ၀ နဲ့ ငယ်ငယ် တုန်းက စက်ဘီး စီးပြီး ကျူ တာလေးတွေ သတိရလို့ ပြုံးမိသေးတယ် :D ။ လေလေး တစ်အေးအေးနဲ့ ဆိုတော့ လမ်းလျှောက် လို့ကောင်းမှာပဲ။ တောင်ဝှေးလေး တစ်ထောက်ထောက်နဲ့ လမ်းကိုသတိထား လျှောက်ရတယ်။ အခုခောတ် လူငယ်တွေလဲ ဆောင်းရာသီဆို လမ်းလျှောက် ထွက်ကြတယ်ဗျာ။ ကလေးတွေ ဖြစ်ပြီး ကျန်းမာရေး လိုက်စား တာတော့ ကောင်းပါတယ် ။ ဒါပေမယ့် ဒီကောင်တွေ ၀တ်ပုံ စားပုံ တွေကိုတော့ ကျုပ်အနေနဲ့ အပိုးကို မကျိုးဘူး ထင်တာပဲ။ လမ်းလျှောက် ထွက်တာကလဲ နဲနဲပါ။ သူတို့ အချိန်းအချက် တွေနဲ့ အလုပ်ရှုပ်နေကြတာပါပဲ ။ အိမ်က အငယ်ကောင် လဲ ဒီလိုပဲ ။ ဝေလားဝါးလားနဲ့ ။ ဒီကောင် လဲ ဒီလိုပဲ လမ်းလျှောက်သလိုနဲ့ ဗန်းပြနေတာ ။ တွေ့ရင်တော့ မရှိတဲ့ အပြစ် ကိုရှာ ပြီး ကောပေး ဦးမယ်။ :P အကြီးကောင် ကတော့ အိမ်ထောင်ကျပြီး သူ့အိမ်နဲ့ သူနေတယ် ။ ဒီကောင်လဲ ဝေလားဝါးလား ကနေ မိန်းမရ ပြီးမှပဲ အတည်တကျ ဖြစ်တော့တယ် ။ သူ့အမေနဲ့ သိပ်တူကြတာကလား ။ :P ကျုပ်က ကျုပ်လို လူတော် ဖြစ်အောင် ကြိုးစားစေချင်တာ ။ :P လမ်းနဲနဲ လျှောက်တော့ ကိုနတ်ရှင်နောင် နဲ့ သူ့အပေါင်း အပါတွေ ခြင်းခတ်နေ ကြတယ် ။ ကိုနတ်ရှင်နောင် တို့ကတော့ နုတုန်းပဲနော် ဆိုပြီး နှုတ်ဆက် အမှန်တကယ် က ကဲတုန်းပဲနော်လို့ ပြောချင်တာ။ :P ခင်ဗျားပဲ စဉ်းစားကြည့် ဒီ မနက်ခင်း ကြီးခြင်းခတ် ရတယ်လို့ ဒီယုန်မြင်လို့ ဒီခြုံ ထွင်တာ ။ လူပျိုကြီး ဆိုတော့လဲ အင်း ။ လမ်းပေါ် မှာ လမ်းလျှောက် ထွက်တဲ့ ကောင်မလေးတွေ ကလဲ အများသားကိုး . . ။ သဘောပေါက် သဘောပေါက် ။ :P အင်း လမ်းလျှောက် ရင်းကျုပ် ဗိုက်ဆာလာတယ်။ လက်ဖက်ရည် ဟုတ်တယ် ။ ကျုပ်က မနက်ဆို လက်ဖက်ရည်လေး သောက်လိုက်ရမှ ။ ကိုတီး ဆိုင်ကို သွားရမယ်။ သူက သူ့ရည်မှန်းချက် အတိုင်း လက်ဖက်ရည် ရောင်းတယ်လေ။ သိပ်တော့ မစွံပါဘူး ။ မသောက် လဲ အတင်း လိုက်တိုက်တယ် ။ hehe အလကား ထင်လို့သောက်ပြီးရင် ဘယ်တော့မှ ပိုက်ဆံ မတောင်းဘဲ မနေဘူး ။ ဟိုးအရင်က သူ့ ဘလောက် လုပ်တုန်းက သူ့ဘလောက် ၀င်ရင် လက်ဖက်ရည် တိုက်တယ်လေ။ စာသားတွေနဲ့ပါဗျာ။ သူ့ ဘလောက်သွား ပြီးရင် စာလုံးတွေပဲ သောက်ပြီး ပြန်လာရတယ်။ ဘာပဲ ဖြစ်ဖြစ် သူဇွတ် ဆွဲမခေါ် ခင် ဆိုင်ထဲ ၀င်လိုက်မှ ။ မဟုတ်ရင် နို့ဆီ လျှော့ သကြား လျှော့ နဲ့ အရမ်း ကလေး ဆန်တာ ကလား။ :P ဒါကြောင့် လည်း လက်ဖက်ရည် ဆိုင် ဖွင့်ပြီး မာစီဒီး စီးနေတာကိုး ။ လက်ဖက်ရည် သောက်ရင် ဇိမ်နဲ့ သောက်တတ်တာက ကျုပ်အကျင့် ။ အမယ် ဟိုဘက် ၀ိုင်းမှာ လက်ဖက်ရည် သောက်နေတာ ဘယ်သူလဲ မှတ်တယ် ကိုအောက်စိ။ သူက ကျုပ်ကို့ မြင်တာနဲ့ မသိချင်ယောင် ဆောင်ပြီး ဟိုဘက် လှည့်သွားတယ် ။ :P ကျုပ် ကို အကြွေးဆပ် ရမှာ စိုးလို့ ထင်တယ် ဟီးဟီး။ သူငယ်ငယ်က ရန်ကုန်မှာ Website တွေကို Bagan Net ကဘန်းတာကို ကျော်တာ ဆရာကြီး။ သူ့အိမ်က ADSL လေးနဲ့ ကျော်လိုက် ခွလိုက်နဲ့ အဆင် ပြေနေတာ။ ခုတော့လဲ သူကျော်စရာ မလိုတော့ဘူး ။ Bagan Net က Website အကုန်လုံး ဘန်းပြီး သူတို့ဆီက ထုတ်တဲ့ ကျော်ခွတ Software ကိုရောင်းတာ အဆင်မပြေတာနဲ့ မာလကီးယား သွားပြီ။ တွေးနေတုန်း ခွက်ခေါက်တဲ့ အသံကြားမှ အတွေးပြတ်တယ်။ ဘုရား အလှုခံ ။ ကျုပ် မှာ ရှိသလောက် လှုပြီး လမ်းပေါ် ကြည့်မိမှ လားလား . . မိုက် နဲ့ ဆိုင်ကားစီးပြီး အလှုလိုက်ခံ နေတာ ကျုပ် အကို ကြီး ပေါ်ပေါ် ကိုး။ :P ဟီဟီး သူက လဲသူ့ဝါသနာ နဲ့ သူ ဖြစ်နေဘီဘဲ ။ သူက ငယ်ငယ် က အသံကောင်းတော့ အဆိုတော် ဖြစ်ချင်တာ ။ ခုတော့ အဆိုတော် နာမည်ကြီး မဖြစ်ပေမယ့် သူ့ကိုယ်ပိုင် ဘုရား သီိချင်း စပ်ပြီး အလှုခံနေတာ ။ ကောင်းလေစွ ။ လက်ဖက်ရည် သောက်ပြီး အိမ်က လူတွေ အတွက် ပါဆယ် ဆွဲ ။ ဒါကျုပ် လမ်းလျှောက်ထွက်တဲ့ မနက်တိုင်းလုပ်နေကျ အလုပ် ။ မုန့် ကတော့ လမ်းထိပ် က ယမ်မီ ။ ဆိုင်မှာ ၀ယ်ရမယ်။ သူ့ဆီမှာ မ၀ယ်ရင်လဲ မျက်ထောင့်နီ ကြီးနဲ့ ကြည့် တတ်တော့ ၀ယ်ရလေသတည်းပေါ့ဗျာ ။ သူကတော့ Yummy Bakery ဆိုတဲ့ ကိတ်ဆိုင်ဖွင့်ထားလေရဲ့ ။ ခင်တဲ့လူ ဆိုမထင်ရင် ဈေးတောင် ပိုတောင်း တတ်သေးတယ်။ :P သွားသတိ ၀ယ်သတိ ပဲ ။ ဒါကြောင့် တစ်လမ်းတည်းတင် တိုက်သုံးလုံး ၀ယ်ထားတာ ဗျ။ ပိုက်ဆံရှင်း နေတုန်း ဆိုင်ထဲ မှာ မုန့်စားနေတဲ့ ကိုဖီဒို ကိုတွေ့တာနဲ့ ကျုပ် ၀င်ထိုင် လိုက်တယ် ။ သူနဲ့တွေ့တိုင်း ကျုပ် က ကွန်ပြူတာ အကြောင်း ဆွေးနွေး ဖြစ်တယ်လေ ။ ကျုပ်ကို မြင်တာနဲ့ ၀မ်းသာအားရ ပဲ Basic About Microsoft Word For Idiot ဆိုတဲ့ စာအုပ်ကြီး ထုတ်ပေးတယ် ။ ပြီးတော့ သူက Aung.knight မင်းကို Microsoft Word ရဲ့ Secretတွေ သင်ပေးမယ် ဆိုပြီး စာအုပ်လှန်လိုက် သင်လိုက် လုပ်တယ်။ သူလဲ သူဖြစ်ချင်တဲ့ Web လိုင်းကိုလေ့လာရင်း ခုလဲ ၀က်မွေးနေတဲ့ အကြောင်း သူဘယ်လို တိုးချဲ့ မယ်ဆိုတဲ့ အကြောင်းလည်း ကျုပ်ကို ရှင်းပြတယ်။ :P ကိုဖီဒို နဲ့ စကားဖြတ် ပြီးအထွက် မုန့်လာဝယ်တဲ့ ကိုအိမ်မက်ရှင်ကြီး ကနှုတ်ဆက်တယ် ။ သူလဲ သူ ငယ်ငယ်က စင်ကာပူ က ပိုက်ဆံ စုပြီး ပြန်လာပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်တာတော်တော် အောင်မြင် နေဘီ။ ဘာလုပ်လဲ ဆိုတော့ ပုံပြင် တွေရေး၊ ပုံပြင် စာအုပ်တွေ ထုတ်တယ် ။ အရေးအသား ကောင်းတော့ စာအုပ်ထွက်တာနဲ့ ဖွေးခနဲ ဘဲတဲ့။ :P ကျုပ် သူ့ကို သေချာကြည့် မိတော့ မျက်နှာတွေ တောင် တော်တော်ဖွေး လာတယ် လို့ ထင်မိတယ် ။ စာအုပ်တွေဘဲ ဖွေးခနဲ ကုန်တာလား မျက်နှာ ပဲ ဖွေးခနဲ ဖြစ်သွားလား မသိပါဘူးဗျာ။ :D သူ့ မဒီ ကြီးလဲ မခေါ်ပဲ သူက တစ်ယောက်တည်း လူပျို လုပ်နေတာ။ သူ ပုံပြော မှာနားထောင် ရမှာ ကြောက်လို့ စကား ဖြတ်ပြီး မြန်မြန်ထွက်လာရတယ် ။ ကျုပ် ဘော်ဒါ မင်းသက် ဆီလဲ သွားလည် ချင်သေး တာကိုး ။ သူ့ အိမ်က တစ်လမ်း ကျော်မှာ၊ သူက ဘုရား တရား လည်းရိုသေ အနေအထိုင် မှန်တော့ ကျုပ်တို့ ရပ်ကွက်မှာ ရပ်ကွက်လူကြီး ဖြစ်နေဘီ ။ သူ့နဲ့ တွေ့ပြီး စကားနဲနဲ ပြောပြီးရင်တော့ ပြန်မယ် စိတ်ကူးထားတယ် ။ ကိုယ့် အတွေးနဲ့ ကို လမ်းလျှောက်နေတုန်း ကိုကြီး ဆိုတဲ့ အသံကြားမှ အတွေးပြတ်တယ် ။ မနက်ခင်း လမ်းလျှောက်တဲ့ ဖီလင်တော့ ပျက်ပြီ လို့တော့ သိလိုက်တယ်။ ကျုပ်ညီမ အိမွန်တာ ။ သူက တော့ သူ့အိမ်၊သူ့ကား၊ သူ့ မိသားစု နဲ့ အဆင်ပြေ နေတယ် လေ။ အိမ် ချင်း မဝေးပေမယ့် သိပ်မတွေ့ ဖြစ်ကြဘူး၊ သူ့စီးပွားရေး ကို့ စီးပွားရေး တွေကြောင့် ။ စကား နည်းနည်း ပြော ကြတယ်ဗျာ ။ သူနဲ့ ကလဲ ငြိမ်းချမ်းရေး ယူထားတာ ကြာဘီ။ ကျုပ်က စိတ်မရှည်ရင် နားရင်း ၂ ချက်လောက်ရိုက် တတ်တာ သူအသိ ။ မယုံရင် မေးလို့ ရတယ် ။ ကျုပ် က စိတ်သိပ် ဆတ် တာကိုး။ :P hehe စကား ပြတ်တာ နဲ့ မင်းသက် အိမ် မြန်မြန် သွားရတယ် ။ ကိုစိုးထက် ကြီးတောင် တွေ့လိုက် သေးတယ် ။ သူလဲ ငယ်ငယ် ကအကျင့် အတိုင်း အိမ်အရမ်း လည်တယ်။ အခုလဲ သုတ်သုတ် နဲ့ သွားနေတာ ကျုပ်တောင် မမြင်ဘူး ခွိခွိ ။ သူ ငယ်ငယ် က ဆိုလဲ ဘလောက် တိုင်းမှာ သူ့ကို တွေ့ရတယ်။ မင်းသက် အိမ်ရှေ့ တောင် ရောက်ပြီ။ အိမ်ထဲ ၀င်လိုက်တာ နဲ့ စောကျော်လွင် ပါတစ်ခါတည်းတွေ့ လိုက်ရတယ် ။ အမယ် ရပ်ကွက်လူကြီး မင်းသက် နဲ့ ဘုရား ဒကာ စောကျော်လွင် တို့ ၂ ယောက်လုံးက ပိုကာ ဒေါင်းနေ ကြတာဗျ ။ :P ရှုံးတဲ့ သူရေသောက် ကြေး ထင်တာပဲ ။ ရေသန့်ဘူး လေး နှစ်လုံး နဲ့ ရေနင်မှာ စိုးလို့ အမြည်းတွေရယ် ခွက် ၂ ခွက်ရယ်ဗျ ။ သူတို့က နိုင်တဲ့သူ သောက်ကြေးတဲ့ဗျ ။ ကျုပ်တောင် နဲနဲ လုသောက် ခဲ့သေးတယ်။ :D ထားပါတော့ ဒီလို့နဲ့ စကားပြောပြီး ပြန်လာလိုက်တယ်။ အချိန် ကတော့ တော်တော် နောက်ကျနေဘီ ။ အိမ်ကို ရောက်တော့ ဧည့်ခန်း ထဲမှာ စောင့်နေတဲ့ မဒမ် ကဆီးကြိုနေတယ် ။ လားလား . . . နှုတ်ခမ်းကို စူပြီး စိတ်တို နေတာ သူငယ်ငယ် က အတိုင်းပဲ . . . ။ :P



သတိပေးခြိမ်းခြောက်ခြင်း
ကျွှန်တော် အသက် ၇၀ ခန့် အရွယ် တွင် ဖြစ်နိုင် သည့် အတွေး များအား ဖန်တီးရေးထား ခြင်းဖြစ်ပါသည် ။ ပါဝင်သူများ စိတ်မဆိုးရ . . စိတ်ဆိုးလျှင် နောက်ထပ် ပေါက်ကရ ပို့စ် များ ထပ်သားသွားမည် ဖြစ်ကြောင်း အသိပေးပါသည်။ :P

အားလုံးအား လေးစားလျှက်

Saturday, May 24, 2008

Fedora 9 Sulphur release


Linux ရဲ့ Distribution တစ်ခု ဖြစ်တဲ့ Fedora 9 ကို ၂၀၀၈ ရဲ့ မေ ၁၃ ရက် နေ့မှာ Release လုပ်ခဲ့ ပါတယ်။ သူ့ရဲ့ ထူးခြားချက်လေးတွေ ကို ကြည့် ပါဦး။

::> This release features GNOME 2.22. GNOME now includes a webcam photo and video creation utility called Cheese, improved network filesystem support, a new international clock applet, Google Calendar support and custom email labels in Evolution, a new Remote Desktop Viewer, improved accessibility features, and PolicyKit integration.

::> KDE 4.0.3 is available in the KDE Live image as well as the regular DVD.

::> Xfce 4.4.2 is available as part of this release.

::> NetworkManager 0.7 provides improved mobile broadband support, including GSM and CDMA devices, and now supports multiple devices and ad-hoc networking for sharing connections. It is now enabled by default on installations from DVD, CD, the network, and Live images.

::> The Fedora installer, Anaconda, now supports partition resizing for ext2/3, NTFS filesystems, creating and installing to encrypted file systems, improved Rescue Mode with FirstAidKit, independent locations for the second stage installer and the software packages. A redesigned, larger netboot.iso image now features a second stage installer partly for this reason.

::> Live USB images now support persistence, so your data and setting changes will be preserved even after rebooting.

::> PackageKit, a new set of graphical and console tools, with a framework for cross-distribution software management, has replaced Pirut in this release of Fedora. The PackageKit graphical updater is available instead of Pup. Behind PackageKit, the performance of yum has been significantly improved.

::> FreeIPA makes managing auditing, identity and policy processes easier by providing web-based and command line provisioning, and administration tools to ease system administration. FreeIPA combines the power of the Fedora Directory Server with FreeRADIUS, MIT Kerberos, NTP and DNS to provide an easy, out of the box solution.

::> Ext4, the next version of the mature and stable ext3 filesystem is available as a option in this release. Ext4 features better performance, higher storage capacity and several other new features.

::> This release of Fedora uses Upstart, an event-based replacement for the /sbin/init daemon.

::> Firefox 3 brings a number of major improvements including a native look and feel, desktop integration, the new Places replacement for bookmarks, and a re-worked address bar.

::> The completely free and open source Java environment OpenJDK 6 is installed by default. IcedTea 7, derived from OpenJDK 1.7, is no longer the default. IcedTea includes a browser plug-in based on GCJ, and is available for both x86 and x86_64 architectures. GCJ is still the default on PPC architecture.

::> OpenOffice.org 2.4, with many new features, is available as part of Fedora 9.

::> Fedora now includes Perl 5.10.0, which features a smaller memory footprint and other improvements.

::> Fedora now includes TeXLive to replace the older, unmaintained TeX distribution.

::> Fedora 9 features a 2.6.25 based kernel.

::> Kernel crashes can be more automatically reported to http://www.kerneloops.org/ and diagnosed in a friendly way via the kerneloops package installed by default. Crash signatures are commonly referred to as oopses in Linux.

::> Work on the start-up and shutdown in X has yielded noticeable improvements.

Screen Shot


Download Link

-> Fedora 9 Dvd i686 ( 3300 MB )

-> Fedora 9 Dvd x86_64 ( 3300 MB )


-> Fedora 9 Dvd PPC ( 3300 MB )



DvD တစ်ချက်စာလောက် ရှိတဲ့ ISO ဖိုင်ဖြစ်ပါတယ်။

Ref : Softpedia

Friday, May 23, 2008

McAfee SiteAdvisor


အခုခောတ်မှာ Virus တစ်ခု တည်းက သာ PC ရဲ့ လုံခြုံရေး ကို ပြသာနာ ပေး နိုင်တာမဟုတ်ပါဘူး။ Virus နဲ့ အလားတူပဲ ဒုက္ခ ပေးနိုင်တဲ့ Spyware , mareware , worm စတာ တွေကလဲ အများအပြား ရှိပါတယ်။ Internet ကို အသုံး ပြုသူတွေ အတွက် ကတော့ မိမိ ရဲ့ Computer ထဲကို Spyware , Trojen စတာ တွေ ၀င်ဖို့ အရမ်းလွယ်ကူ လွန်းပါတယ်။ Website ကဖိုင် တွေကို Download လုပ်ပြီး Virus ၀င်တာတွေ၊ Web မှာ Register လုပ်ပြီးမှ Spam mails ၀င်တာတွေ၊ Site တွေကနေ မိမိ ရဲ့ Pc ကို Trace လုပ်ပြီး Internet သုံးတာနဲ့ Advertisement တွေ ဆက်တိုက် ပို့ခံ နေရ တာတွေ က စိတ်ညစ်ဖို့ အရမ်း ကောင်းပါတယ်။ အထူး သဖြင့် IE Browser တွေဆို ပိုခံရပါတယ် ။ အဲဒီ အတွက် McAfee ကထုတ်တဲ့ SiteAdvisior လေးကို သုံးသင့်ပါတယ် ။ Firefox Browser နဲ့ IE Browser အတွက် ၂မျိုး ထွက်ရှိ ထားပြီး သုံးစွဲသူ အများစု ကလဲ ထောက်ခံ ကြပါတယ်။ Browser မှာ Plugin အဖြစ် ပေါ့ပေါ့ ပါးပါး အသုံး ပြုနိုင်တဲ့ အားသာချက် နဲ့ Site က Spam mail , Unwanted Mail နဲ့ Pop up တွေကို ဘယ်လောက် ပို့တယ်က အစ Details နဲ့ ဖော်ပြ ပေးပါတယ်။

Installation Instruction

Firefox Browser အတွက် . . .

Firefox Browser ရဲ့ Tools က Options ကိုသွားပါ။
Option Dialog Box လေးကျရင် Content က Exceptions ကိုသွားပါ ။


Allow Site Dialog Box ပေါ်လာရင် www.download.com ကိုရိုက်ပြီး Allow ကိုနှိပ်လိုက်ပါ။


ပြီးတာနဲ့ Install လုပ်ဖို့ အတွက် ဒီနေရာ ကို နှိပ်ပါ။
Box ပေါ်လာရင် ပုံပါ အတိုင်း Install now ကိုနှိပ်လိုက်ပါ။

Install လုပ် ပြီး Browser Restart တောင်းရင် ပေးလိုက်ပါ။

IE Browser အတွက် . . .

IE Browser အတွက် ကို ဒီနေရာ မှာ Download ပြီး Install လုပ်ပါ။
Browser ကို Restart လုပ်ပေးလိုက်ပါ။

အသေးစိတ် ကိုတော့ http://www.siteadvisor.com မှာသွားပြီး ကြည့်ရှုနိုင်ပါတယ် ။

Thursday, May 22, 2008

DvD X Player Professional


DvD X လို့ခေါ်တဲ့ Player လေး ကို သုံးကြည့် မှ ကြိုက် သွားတယ်။ စွမ်းဆောင် မှုက တော့ အံ့မခန်း ပဲဗျာ။ ဖိုင် ဆိုဒ် သေးသေးလေး နဲ့ Divx , Mpeg4 , RM , Quick Time , WMV , WMV -HD , Flash နဲ့ Popular Format တွေကို လွယ်လွယ် ကူကူ ကြည့်နိုင် တယ်လေ။ ထူးခြားတဲ့ Design လေးနဲ့ Appearance ကလဲ သဘောကျ စရာပါပဲ။ Dvd ရုပ်ရှင် တွေကို ကြည့်ရင် ကြည်လွန်းလို့ ဖောက်တောင် မြင်ရတယ်လို့ သူငယ်ချင်း တစ်ယောက် က ပြောထားပါတယ်။ Company က ကော်မရှင် ပေးထားလို့ အဲလောက်ညွှန်းနေတာထင်နေဦးမယ် :P ။ လိုချင်ရင်တော့ အောက်မှာ Download လုပ်နိုင်ပါတယ်။


Size - 5.02 MB

Sunday, May 18, 2008

သီချင်းဆိုပြမယ် :P




ကျွှန်တော့် Blog ကို လာလည်တဲ့ မိတ်ဆွေ တွေကို သီချင်းဆို ပြမယ်လို့ စဉ်းစား ထားတာ ကြာပြီ။ ဒါပေမယ့် ပတ်ဝန်းကျင် ကို အားနာ တာရယ် မိတ်ဆွေ တွေနဲ့ မိတ် မပျက် ချင်တာရယ် ကြောင့် ။ Blog မှာ ခဲတွေ ရေသန့်ဘူးတွေ နဲ့ ပစ်သွားမှာစိုးလို့ မဆိုခဲ့ရဘူး :D ။ ကဲ ဒီနေ့ တော့ ဘာပဲ ဖြစ်ဖြစ် ဆိုမယ် ဗျာ ( ပေါက်ကွဲပြီ):P ။ သန့်ရှင်းရေး ၇ ယောက် လဲခေါ် ထားတယ်။ သူတို့ တွေကတော့ ကျွှန်တော့် ခိုင်းဘက် အိမွန်တာ နဲ့ Yummy Honey ၊ ကျွှန်တော့် အကိုကြီး တွေ ဖြစ်တဲ့ ကိုဖီဒို ကို အောက်စကို ပေါ်ပေါ် နဲ့ ကျွှန်တော် စမ်းနေကျ ( ဂျီတော့ ဖြင့် Mic စမ်းခြင်း ) ကို အိမ်မက်ရှင် တို့ နဲ့ အားဖြည့် ထား ပါတယ် ။ :P ဒီဇင်ဘာ ည ဆိုတဲ့ အလွမ်း သီချင်းပေါ့။ အားပေးသွားပါဦးဗျို့ . . . :P

P.s - အဲဒါ ကျွှန်တော် လုပ်ထားတဲ့ Avater လေးပါ ။ တကယ် အရှက် မရှိ ဆိုပြနေတယ် ထင်မှာစိုးလို့ :P

 

© New Blogger Templates | Webtalks