Thursday, September 13, 2007

ကျွန်တော်တို့ မြန်မာသံရုံး ဆိုတာကို ဘယ်လို နားလည်ထားလဲ ။ မြန်မာသံရုံးဆိုတာ တစ်ခြားနိုင်ငံမှာ မှီခိုနေတဲ့ မြန်မာနိုင်ငံသားတွေကို သူများတွေ အနှိမ်မခံရအောင် ဒုက္ခ ရောက်နေတဲ့ သူတွေကို ကူညီဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း လို့ထင်တာပဲ ။ ဒါပေမယ့် ကျွန်တော်ကြားရတာနဲ့ ကြုံတွေ့ရတာလေးတွေက နဲနဲကြီး လွဲနေသလိုပဲ ( နဲနဲကြီး ဆို တာက များများကြီး နီးပါးပါ ) ။ မြန်မာသံရုံး သွားရမယ်ဆိုရင် ကျွန်တော့ဘော်ဒါ တွေ ဖြစ်နေပုံက သေမိန့် ချခံ ထားရတဲ့ မျက်နှာပေး နဲ့ ။ သံရုံးသွားပြီ ဆိုကတည်းက အခွန် ဆောင်ဖို့ များတယ်လေ ။ ပိုက်ဆံ ကလဲ ပေးရဦးမယ် ။ ပိုက်ဆံလဲကုန် အလုပ်အကိုင် ပျက် ဆက်ဆံရေးလေးတွေ ကကြဲ အဟောက်က ခံရသေးတယ် ဆို တော့ သူတို့ စိတ် ဆင်းရဲမယ်ဆိုလဲ မလွန်ပါဘူး။ ကျွန်တော် သံရုံးကို ၂ ခါ ရှိပြီရောက်ဖူးတာ . . မနှစ်က သံရုံး ကို ဗီဇာ တိုးတော့ ၁ ခေါက် သွားရတယ် ။ ကျွန်တော် ဦးလေးနဲ့ သံရုံးလိပ်စာ အသစ် ပြောင်းသွားလို့ လိုက်ရှာရတာ တစ်နေကုန်ရော တွေ့တော့လဲ ချောင်လေးထဲ မှာ တဲ့တဲ့ကြီးမိတာ . . . ကားပါကင်မရှိတာနဲ့ ဦးလေး က ပါကင်ရှာ ကျွန်တော်ကသံရုံး ထဲ ၀င်မယ်ပေါ့။ ကားပေါ်ကဆင်း သံရုံးတံခါး ကိုကျော်ပြီး အထဲကို ကြည့်လိုက် တယ် ( တံခါးကပိတ်သွားပြီ ) အထဲမှာ ၀န်ထမ်းတစ်ယောက်က ကျွန်တော်ကို မြင်ပြီး . . .


ဝန်ထမ်းးး ဘာလာကြည့်တာလဲ ပိတ်ပြီ ပြန်တော့ ပြန်တော့ (မလေးလို ပြောရော)

ကျွန်တော်းး ကျွန်တော် မြန်မာပါ အကို သံရုံးပိတ်သွားရင် နဲနဲလောက် မေးပါရစေ

ဝန်ထမ်းးး ဟေ့ကောင် ဘာမှလာမမေးနဲ့ ပိတ်သွားပြီ ။

ကျွန်တော်းး အဝေးကြီးက လာရလို့ပါဗျာ . . .

ဝန်ထမ်းးး ငါ့ဘာမှမသိဘူး ပြန်တော့ဟေ့ကောင် တဲ့ . . .

ကောင်းရော ကျွန်တော်လဲစိတ်ထဲ ချဉ် သွားတာနဲ့ @#$%^&* ဆိုပြီးပက်ပက် စက်စက် ပြောလိုက်တယ်။ (စိတ်ထဲက)ဟီဟီ ၀န်ထမ်းတွေရဲ့ကူညီချင်စိတ်လေးတွေကတော့အပြည့်ပဲ။(သံရုံးသွားရင် ဒရ၀မ်နှိမ်တာတောင် ခံရတယ် )တစ်နေ့က ကျောင်းထောက်ခံစာ ယူရမယ်ဆိုတာနဲ့ ဦးလေး ကိုပြောပြလိုက်တယ်။ ဦးလေးမျက်နှာ တောင် ဖြူထွက်သွားသလိုပဲ။ သံရုံးသွားရမယ် ဆိုလို့လား မသိဘူး . . ဦးလေးက တစ်ရှောင်ရှောင် နဲ့ (နေမ ကောင်း သလိုကိုဖြစ်သွားတာ ) ကျွန်တော် တစ်ယောက် တည်းသွားလိုက်ရတယ် . . .လိပ်စာလဲအသစ်ပြောင်း သွားတယ်။ ဒီတစ်ခါ လိပ်စာ လိုက်ရှာတာ ခဏပဲကြာတယ် ( ချောင်တွေအရင်ရှာတာပေါ့ ဘယ်ရမလဲ ဟဲဟဲ ) သံရုံးရှေ့ရောက်တာနဲ့ မျက်နှာထားလေးလျှော့ပြီး ၀င်ရတာပေါ့ဗျာ . . .တန်းစီတော့ ကျွန်တော့် ရှေ့ကအန်တီကြီး တစ်ယောက်ပဲရှိတယ် . . .


မိန်းမကြီးးး မောင်လေးရေ အန်တီသမီးလေးရဲ့ ပတ်စပို့ ကိုနဲနဲ မြန်ပေးနော် . . . အရေးကြီးလို့ . . .

ဝန်ထမ်းးး အန်တီ ခဏပဲစောင့် ရတော့မယ် . . .

မိန်းမကြီးးး အေးအေး ကျေးဇူးပဲ မောင်လေးရေ . . .

ဝန်ထမ်းးး ကဲရပြီ အမ နဲနဲ မြန်အောင်လုပ်ပေးလိုက်တယ် . . .
( အော် . . သမီး မျက်နှာ )


ကျွန်တော့် အလှည့် ရောက်လာပြီလေ . . .

ကျွန်တော်းး အကိုရေ ကျွန်တော် ကျောင်းသားဖြစ်ကြောင်းထောက်ခံစာလေး လိုချင်လို့ . . .

ဝန်ထမ်းးး ဘာလဲ အေးဒါဆို မင်းကျောင်းက ထောက်ခံစာ ပြ . . . ( ရုပ်တည်နဲ့ )

ကျွန်တော်းး အကို ဒီမှာ ပါခင်ဗျာ . . ကျောင်းသား ကဒ်ပါ ယူလာတယ် . . .
( ဖားရတာပေါ့ )


ဝန်ထမ်းးး ဒါဆို မင်း ၅ နာရီခွဲ မှလာခဲ့ . . . ( သေရော)

ကျွန်တော်းး ဟုတ်ကဲ့ . . . . ဟုတ်ကဲ့ . . . . . .
( သမီး ၁ယောက် လောက်ရှိရင် ဒီလောက် အခြေအနေ မဆိုးလောက်ဘူး )

၃ နာရီ လောက် အချိန်ဖြုန်း ၅ နာရီခွဲ အတိ သံရုံးအရောက် သွားတယ် ။

ကျွန်တော်းး အကို ကျောင်းသား ထောက်ခံစာလေး . . . ( သူပဲ မပြောခဲ့ သလိုနဲ့ ကြည့်ပြီး )

ဝန်ထမ်းးး ကျောင်းသားထောက်ခံစာ ပဲဖြစ်ဖြစ် ဘုန်းကြီးကျောင်း ထောက်ခံစာပဲ ဖြစ်ဖြစ် နောက်မှရမယ်( ရွဲ့တဲ့ အသံ )

ကျွန်တော်းး ဗျာ . . . အော် ရဒယ် ရဒယ် . . ( ဟင်း ဟင်း ဟင်း )
( သည်းခံစိတ်ကုန်နေဘီ )


ဒါလေးပဲ ပြောရသေးတယ် . . . သူရှိန် သွားလို့လား မသိဘူး . . ၅ နာရီ ခွဲ ပြောပြီး ၇ နာရီ ( သံရုံးပိတ်ချိန် ) မှထုတ်ပေးတယ် . . . ( ပညာ ပေးခံ လိုက်ရတာ စောက်မြင်ကတ် ပုဒ်မနဲ့ )( ကျွန်တော် ကိုက ရှိန်အောင် လုပ် မိတာ အမှား ) နောက်ဆို အဲလို အပြုအမှု လေးတွေ မလုပ်မိအောင်လည်း ထိန်းသိမ်း မယ် လို့ ဆုံးဖြတ် လိုက် တယ်ဗျာ။

ကဗျာ

မျှော်လင့်ခွင့် . . .

အရိုင်းပန်းလေးရယ် . . .

မေတ္တာတရားတွေနဲ့ သစ္စာထားချစ်တယ်ဆိုတာ
မင်းနဲ့ဝေးမှ ပိုလွမ်းမိတဲ့
ငါ့နှလုံးသားရဲ့ ဆန္ဒအမှန်ပါ
မင်းရဲ့ မဟူရာမျက်လုံးလေးနဲ့
သူဇာကညာ အပြုံးလေးတွေဟာ
ဒို့ဘ၀ မျှော်လင့်ချက် တွေရဲ့
ရှင်သန်မှု လေးတွေပါကွယ် . . .

လှိုင်းထန်တဲ့ သောင်စပ်မှာ
ပျိုမြစ်နုနယ် အရာမထင်သေးတဲ့
ငါ့နှလုံးသားကို အတောက်ပဆုံး
မျှော်လင့်အိမ်မက် အတွက်
ရှင်သန်ခွင့် ပေးပါလားကွယ် . . .

ကြယ်စင်ခ

Wednesday, September 12, 2007

ကျွန်တော်တို့တွေ Rapidshare က Download လုပ်တဲ့အခါမှာ ခဏခဏ ကြုံရတဲ့ ပြဿနာ လေးတစ်ခုပါ။ Premium Account မရှိတဲ့ သူတွေကို Unlimited Download Access မပေးပါဘူး။ Maximum Download Limit ကျော်သွားရင် Time Countdown နဲ့ ဘယ်လောက် စောင့် ရမယ် ဆိုတာ ပေါ်လာပါတယ်။ ကဲ ဒါကို ကျော်ပြီး ဒေါင်းလုပ်လုပ် မှာပေါ့ . . Time Countdown ကျော်ဖို့ အတွက်သင့် ရဲ့ Ip Address ကိုပြောင်းမယ်။

ဒီအတွက် သင်သုံးတဲ့ Browser ရဲ့ Cookies တွေအရင်ရှင်းရပါမယ်။

ရှင်းဖို့ အတွက်က Browser ကိုဖွင့်ပြီး

Tools -> Options -> Privacy Tab ရဲ့ Private Data က Clear now ကို နှိပ်ပါ။
Clear Private Data ဆိုတဲ့ Box လေးပေါ်လာရင် Cache နဲ့ Cookies ကို Clear လုပ်ပေးပါ။

ကဲဒါဆို ကျွန်တော်တို့ Ip Address ပြောင်းဖို့ လှုပ်ရှား လိုက်ရအောင် . . .
Start -> Run ဒါမှမဟုတ် Window Key + R ကိုနှိပ်ပါ။
Run Box လေးပေါ်လာရင် cmd.exe ဆိုပြီး ရိုက်လိုက်ပါ . .
ပြီးရင် Ok နှိပ်လိုက်ပါ။
အခု Command Prompt Box လေးပေါ်လာရင် ဒီလိုရိုက်ပေးပါ။

ipconfig/flushdns ပြီးရင် Enter နှိပ်

ipconfig/release လို့ရိုက် Enter နှိပ်

ipconfig/renew လို့ရိုက် Enter

ပြီးရင် exit လို့ရိုက်ပြီး ထွက်လိုက်ပါ။

သဘောက Ip Address ကိုအသစ်ပြောင်းလိုက်တာပါ။ အခုဆို ခုနက Time Countdown နဲ့စောင့်ခိုင်းတဲ့ Link ကိုသွားပြီး Download လို့ရပါပြီ။ကျွန်တော် အမြဲဒီနည်း လေးနဲ့လုပ်စား နေရတာပါ။ ဟဲ ဟဲ အိုကေ ဒီ Post လေးကို ဖတ်ရှုသူတွေ အသုံးဝင်ပါစေဗျာ . .

မှတ်ချက် - ကျွှန်တော်က Dynamic Ip ဆိုတော့ အဆင်ပြေ ပေမယ့် Static Ip ဆိုရင်တော့ မလွယ်ပါဘူး။ :)

Sunday, September 9, 2007

ဒီ Post လေးက ကွန်ပြူတာ အခြေခံသုံးတတ်တဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။

တော်ကြာ Pro တွေတွေ့ရင်ဒီကောင် Post တင်စရာမရှိလို့ သွေးရူးသွေးတန်း ရေးတယ်ထင်မှာစိုးလို့ . . :P
တကယ်တော့ မသိသေးတဲ့သူတွေ သိထားသင့်တယ်ထင်လို့ပါ။


ကဲစရအောင် . . .

3GP Format ကိုရဖို့ ဆော့ဝဲလ် ၂ ခုလိုပါတယ်။
ပထမတစ်ခုက Mpeg/Divx Converter
နောက်တစ်ခုက 3GP Converter
အိုကေ Vcd Cutter ( Mpeg converter ) နဲ့ 3GP Converter တို့ကို ကျွန်တော့်
Blog လေးမှာ တင်ထားပေးပြီးပါပြီ။
ဒေါင်းလုပ်လုပ် လိုက်ပါ။
ရပြီဆိုရင် ပထမ အဆင့်

၁ . ဗီစီဒီ Format .dat ကနေ Mpeg ကိုပြောင်းရမယ်။
Vcd Cutter ကိုဖွင့်လိုက်ပါ။
အပေါ်က ဘားပေါ်က Tools -> Vcd Convert:Dat -> MPG/MP1.MP3 ဆိုတာလေးကိုရွေးလိုက်ပါ။
Source VCD(.DAT) File Name မှာကိုယ်ပြောင်းချင်တဲ့ ဗီဒီယို ဖိုင်ကိုပြပေး
Distination dir to save မှာကိုယ် သိမ်းချင်တဲ့ နေရာလေးကို Browse လုပ်ပေးလိုက်ပါ
File type to save မှာ MPG မှာပဲထားပါ
Convert လုပ်လိုက်ပါ။
Done လို့ပြရင် ရပါပြီ။

၂ . ဒုတိယအဆင့်က Mpeg ကနေ 3GP ကိုပြောင်းရမှာပါ။
3GP Converter ကိုဖွင့်လိုက်ပါ။
Add Video မှာခုနက ပြောင်းထားတဲ့ Mpeg Format ဗီဒီယိုကို Add လိုက်ပါ။
Output Directory ကိုလဲ ကိုယ်သိမ်းချင်တဲ့ နေရာလေးကို Browse လုပ်ပေးပါ။
Start ကိုနှိပ်လိုက်ပါ။
ခဏစောင့်လိုက်ရင် ရပါပြီ။

ရလာတဲ့ ဖိုင်လေးကို
3GP Player လေးနဲ့ကြည့်ကြည့်ပါ
3GP Format ကို Mpeg ကမဟုတ်ပဲ Divx Converter ရှိရင် Divx ကနေလဲ ပြောင်းလို့ရတယ်။
Quality နဲနဲ ပိုကောင်းပါတယ်။
ကြိုးစားကြည့် လိုက်ပါလား . . .
ဗဟုသုတ ပေါ့ ။

3GP Converter and Player


3GP Converter & Player ဖြစ်ပါတယ် . . .
မိုဘိုင်း ဗီဒီယို လုပ်တဲ့ ဆော့ဝဲလ်ပါ။
Player ပါ ထည့်ပေးထားတယ် ။

Size - 10.7 MB

Saturday, September 8, 2007

နင်သိ ရဲ့လား . . .
နင့်ကို ငါအမြဲသတိရတယ်
နင့်အကြောင်းကို စဉ်းစားတိုင်း ငါမျက်ရည်ဝဲရတယ်
ညအိပ်ယာ ၀င်တိုင်းလဲ နှဖူးပေါ်လက်တင် စဉ်းစားမိတယ်
နင်ဘာကြောင့် ငါတို့ကို စိတ်ဆင်းရဲစေတာလဲဟင် . . .

နင်သိ ရဲ့လား . . .
နင်ရဲ့ တုန့်ပြန်မှုကို မျှော်လင့်နေတဲ့ လူတွေ အများကြီးဆိုတာ
အဲဒီထဲက တစ်ယောက် ဖြစ်တဲ့ ငါလည်း မျှော်လင့်မိတယ်
နင် ဘက်က ဘာတုန့်ပြန်မှု မှ မပြခဲ့ဘူးနော်
ငါ့တို့ကို စိတ်ဆင်းရဲပြီး သေအောင်သတ်နေတာလားဟင် . . .

နင်သိ ရဲ့လား . . .
နင် အကျင့်တွေ တော်တော်ပျက် နေပြီ
နင့်ရဲ့ အပေါင်းအသင်း ငါ့ကိုပါ လူမျိုးခြားတွေက နှိမ်ချင်ကြတယ်
ငါ့ကိုတော့ လာနှိမ်ဖို့ မကြိုးစားနဲ့
ငါအရင်ထက် ပိုကြိုးစားပြီး နင့်သိက္ခာကိုပါ အဖတ်ဆည် ပေးမယ်
ဒီလောက် လိုက်လျောတဲ့ ငါ့ကိုတောင်
နင့်ရဲ့ ယုတ္တိမတန်တဲ့ ဆင်ခြေတွေနဲ့
လက်တစ်လုံးခြား လုပ်နေတုန်းပဲလားဟင် . . .

နင်သိ ရဲ့လား . . .
နင့်ကြောင့် ဘ၀ ပျက်ခဲ့တဲ့ လူတွေ အများကြီး ဆိုတာ
နင် တမင်သက်သက်ပဲ ပျက်အောင် ဖျက်နေတာလား
ဒါမှ မဟုတ် မသိချင်ယောင် ပဲဆောင်နေတာလား
ဘာပဲဖြစ်ဖြစ် နင့်အကျင့်တွေ ပြင်သင့်ပြီဟာ
ငါတို့ နင့်အပေါ် သည်းခံ နိုင်စွမ်းကုန်သွားမှာ စိုးတယ်ဟာ
နင်ပြင်မယ် မဟုတ်လားဟင် . . .

နင်သိ ရဲ့လား . . .
ငါကြားဖူးတဲ့ စကားပုံလေးတွေ ကိုပြောပြမယ်
ကျွှဲပါး စောင်းတီး ဆိုတာလေ
ငါဘယ်လောက် ပြောပြော နင်နားဝင်ပါ့ မလား
နောက်တစ်ခု ရှိသေးတယ်
သားသမီးမကောင်း မိဘခေါင်း တဲ့
နင့်မိဘတွေ အုပ်ထိန်းသူတွေက
နင့်ကို မဆုံးမကြ ဘူးလား
သူတို့မှာ နင့်ကို ထိန်းသိမ်း နိုင်မယ့် ဦးနှောက် မရှိကြဘူးလားဟင် . . .

နင်သိ ရဲ့လား . . .
နင့်မိဘတွေက အရမ်း ရီရတယ်နော် . . .
နင့်အကြောင်းကို လူမျိုးခြားတွေက အင်္ဂလိပ်လို မေးရင်း
နင့်မိဘတွေက တားမတိဝူး ဆိုပြီး မြန်မာလို ပြန်ဖြေတာ
ငါဆိုကြည့်ကြည့် ပြီးအရမ်းရှက်တာပဲ
နင့်မိဘတွေအတွက် အင်္ဂလိပ်စာ သင်တန်းကောင်းကောင်းလေး နင်မရှာပေးနိုင်ဘူးလား
ဒါမှမဟုတ် ငါပဲရှက်ရှက်နဲ့ ရှာပေးရမလားဟင် . . .

တော်ပြီဟာ . . .
မောတယ်
နင်နဲ့မပတ်သက်တာ ပဲကောင်းပါတယ်
အခုဆို ငါလည်း နင့်အကြောင်း မတွေးတော့ဘူး
နင့်နဲ့ အဝေးဆုံးမှာပဲ နေမယ်
နင်နဲ့ ရင်ဆိုင်ရမှာ ဆိုးလို့
တစ်ခြား တစ်နိုင်ငံကို ပြေးထွက်ချင်တယ်
နင်နဲ့ နင့်မိဘတွေ ရီနေမလားပဲ
အဲဒီ ရီသံတွေကိုမုန်းလို့ ငါလေ . . .
တောက် . . . နင်လေ . . နင် . . .
နင်သိပ်ရက်စက် လွန်းပါတယ် ဟာ . . .

. . . . သို့ တမ်းတခြင်း . . .

ပုံပြင်ပြောပြမယ် . . .

မြို့တစ်မြို့ မှာ လင်မယား နှစ်ယောက်ရှိတယ် . . .
သူတို့ နှစ်ယောက် က အရမ်းချစ်ကြတယ်ပေါ့ဗျာ . .
ယောင်္ကျား က မိန်းမ ကို အရမ်းချစ်တာ တဲ့
ယောင်္ကျား ကချစ်တော့ မိန်းမက စိတ်ခဏခဏ ကောက် တာပေါ့
သိတယ်မလား . . သူတို့တွေ အကြောင်း :P
စိတ် ခဏခဏ ကောက်တော့ ယောင်္ကျား က စိတ်မရှည်တော့ ဘူး
ဒီမိန်းမတော့ တွေ့မယ်ပေါ့ . .
တစ်နေ့ အကြံတစ်ခု ရရောတဲ့ . . ( ယုတ်မာဖို့ပေါ့ဗျာ )
အရက် နဲနဲ သောက်ပြီး တစ်အား မူးလာတဲ့ ပုံနဲ့ အိမ်ပြန်လာရော
အဲဒီမှာ စတွေ့ရော သူ့မိန်းမက တင်းသွားတာ ပေါ့
ဒီကောင် အကျင့်တွေတောင် ပျက်လာတယ် ဟင်းဟင်း ဆိုပြီး
ဟဲ့ နင်အချိုး တွေပြောင်းနေပါလား . . .
ဟို အရည်တွေလဲ မသောက်စဖူး သောက်လာတယ် ပေါ့
အဲဒီမှာ ယောင်္ကျား က အနားရှိတဲ့ တုတ်နဲ့ရိုက် လိုက်တယ်တဲ့
အဲဒီ အခါမှ မိန်းမလုပ်တဲ့သူက ညုတုတု မျက်နှာပေးဖြင့် ပြောလိုက်ပုံက
မောင်က တကယ်ရိုက်တယ်နော် တဲ့ :D

ကဗျာ

နင်မရှိရင် . . .

ကောင်မလေးရေ . . .
နင်ဟာ ငါ့ရဲ့
အထူးထုတ် စာအုပ်လေးပေါ့ . . .
နင်မရှိရင်
ငါလုပ်သမျှ အရာရာဟာ မှားယွင်းနေလိမ့်မယ် . . .

ကောင်မလေးရေ . . .
နင်ဟာငါ့ရဲ့
မိုက်ခရို ကော်ပီလေးပေါ့ . . .
နင်မရှိရင်
ငါကျရှုံး ရလိမ့်မယ် . . .

ကောင်မလေးရေ . . .
နင်ဟာ ငါ့ရဲ့
အရိုက်ကြမ်းတဲ့ ဆရာမလေးပေါ့ . . .
နင် စိတ်ဆိုးမှာ မုန်းမှာ
ငါ အရမ်း ကြောက်တယ် . . .

အောင်ကောင်း

ကဗျာ

မြတ်နိုးသူရဲ့ဆန္ဒ

အေးခဲနေတဲ့ ငါ့နှလုံးသားဟာ
မင်းနဲ့တွေ့မှ မီးတောင်တစ်လုံးလို
ပေါက်ကွဲခဲ့ရပါပြီ . . .

ညှို့ယူတတ်တဲ့
မင်းမျက်ဝန်းတစ်စုံကို
သိလျှက်နဲ့ ရှောင်ဖို့ မကြိုးစားမိတာ
မင်းကိုချစ်နေမိလို့ပါ . . .

အချစ်ဆိုတာ အဆန်းသားနော်
မျက်နှာများတယ် လှည့်စားတတ်တယ် ဆိုတဲ့
မိန်းကလေး တစ်ယောက်ကို
ရူးသွပ်စွာ စွဲလန်းမိနေတဲ့
ငါ့နှလုံးသားကို ငါကိုယ်တိုင်
အံ့သြမိပါတယ် . . .

တစ်ချိန်က
မာနကြီးတတ် ရက်စက်တတ်တဲ့
ငါ့နှလုံးသားဟာ အခု
မင်းရှေ့မှာ ဒူးထောက်နေရပြီ
မိန်းကလေးရယ် . . .

မျှော်လင့်ခြင်း များစွာနဲ့
ချစ်နေရသူ တစ်ယောက်ရဲ့
နှလုံးသားကို
မာယာတစ်စက်နဲ့ အဆိပ်မခတ်လိုက်ပါနဲ့ . . .

မဖြစ်နိုင်မှန်း သိလျှက်နဲ့
ရူးရူးမိုက်မိုက် တမ်းတနေမိမှန်း
ငါ့ကိုငါ သိပါတယ် . . .

အချစ်နဲ့ အသက်ဆက်နေရသူမို့
မျှော်လင့်ချက်တွေနဲ့ အတူ
ငါ့ရဲ့အချစ်ကမ္ဘာ လေးကို
ရှင်သန်ခွင့်ပေးပါ . . .

ငါ့ရဲ့နှလုံးသား တံတားလေးပေါ်မှာ
မင်းရဲ့ ကြင်နာမှုတွေကို
နွေးထွေးစွာ ထွေးပိုက်ပါရစေ . . .

တစ်ဦးနဲ့ တစ်ဦး
အသဲချင်း ဖလှယ်လို့
ချစ်စကားလှလှလေးတွေ ဒို့အတွက်
ရွေးချယ်ပေးနိုင်ပါစေ . . .

ကြယ်စင်ခ

သူငယ်ချင်း မိတ်ဆက်

ကဲ ဒီနေ့ ကျွန်တော့် ရဲ့ ကဗျာဂဏ္ဍ လေးမှာ အားဖြည့် ပေးမယ့် သူငယ်ချင်း
တစ်ယောက် နဲ့မိတ်ဆက်ပေးမယ်။

ကလောင် က ကြယ်စင်ခ ပါ။
သူ့ကဗျာ လေးတွေက မဆိုးဘူးထင်လို့ ပါ။
ကျွန်တော့်ရဲ့ ကဗျာဂဏ္ဍ လေးက ကဗျာတွေ အားလုံးက ကိုယ်ပိုင်တွေပါပဲ။
အားပေးနေမယ်လို့လဲ ထင်ပါတယ်။
ကဗျာဆရာ မဟုတ်ပဲ အပျော်စပ်တဲ့ အတွက် သည်းခံပြီး အားပေးပေးပါ။

Friday, September 7, 2007

Google Search ကိုသုံးပြီး Cd keys ကို လွယ်လွယ်နဲ့ မြန်မြန် ရှာလို့ရပါတယ်...
တကယ့် ကိုရိုးရှင်း လွန်းပါတယ်။
ဥပမာ ပြောရရင် Nero 7 ရဲ့ Cd keys လိုချင်တယ် ဆိုပါစို့ . . .
ကျွန်တော် က Nero 7 94FBR လို့ပဲရိုက်တယ် . .
အဲဒီမှာ Google Search ကထိရောက် တဲ့ Search Results တွေကို ရှာပေးလိမ့်မယ် . . .
သဘော ကတော့ ကိုလိုချင်တဲ့ ဆော့ဝဲလ်အမည် ရဲ့နောက်မှာ 94FBR ပဲထည့်ပေး
Internet Download Manager ဆို Internet Download Manager 94FBR ပေါ့ ။

Wednesday, September 5, 2007

Internet Download Manager 5.02.14


Internet Download Manager ပါ။
Link ပေးပြီး Direct ဒေါင်းလုတ် လုပ်လို့လဲရပါတယ်။

Link တွေ အများကြီး ပေးထားပြီး တစ်ဆက်တည်း Download လုပ်ခိုင်းလဲ ရပါတယ်။

Size - 1.92 MB

Tuesday, September 4, 2007


လက်ရွေးစင် သီချင်းတွေ ဆိုပြီး သက်သက် ခွဲလိုက် တယ်။

ဒီ သီချင်းတွေက နာမည် မရှိ တဲ့ အဖွဲ့တွေ ထဲက တစ်ပုဒ်ချင်းရွေးထားတာတွေ
များတယ်။နာမည် ရှိရင်လည်း ခေါင်းစဉ် ခွဲလို့ ရလောက်တဲ့ အထိ သီချင်းမများ
တဲ့လူတွေ များတယ်။

 

© New Blogger Templates | Webtalks