Friday, May 2, 2008
ဟုတ်ကဲ့ ခေါင်းစဉ် ကြည့်ပြီး စဉ်းစားသွားဦးမယ်။ ရှင်းပြပါမယ်။ ကျွှန်တော့် မှာ သူငယ်ချင်းပေါင်း များစွာ ရှိပါတယ် . . . ဒါပေမယ့်သူငယ်ချင်းစစ် ဆိုတာတော့ အများကြီး မရှိဘူး ။ ကျွှန်တော် က လူတစ်ယောက် ကို ခင်ခင် မင်မင် ပေါင်းတတ်တယ် ။ အဲလိုပဲ ခင်လို့ ကူညီတယ် ဆိုတာလဲ ရှိတယ်။ ကျွှန်တော် ကို ကူညီခဲ့တဲ့ လူတွေ ကလည်းမနည်းပါဘူး။ နဲနဲ ကူညီပြီး များများ ရချင်တဲ့ စိတ် နဲ့ ကူညီတဲ့သူတွေလည်းမနည်းဘူး။ ကျွှန်တော် အသက်က ၂၁ နှစ် ငယ်သေးတယ်လို့ ပြော လို့ ရပေမယ့် လူ တစ်ယောက်ရဲ့ စိတ်ကို ဖတ်ကြည့် လို့တော့ရပါတယ်။ ကျွှန်တော် က အဲလူရဲ့ စိတ်ရင်းကို ကြည့်ပြီး ဘယ်အတိုင်းအတာ ပေါင်းသင့်တယ် ဆိုတာ သတ်မှတ်တယ်။ တစ်ချို့ ကျတော့လည်း အပြောလေးကချို တယ်ဗျ ဟုတ်မယ်ထင်လို့ သေချာ ပေါင်းကြည့် တော့ ကိုယ့်ဘက် ကိုယ် ကြည့်တတ်တဲ့ လူဖြစ်နေ ပြန်ကော။ နောက်ဆို ဆင်ဆင်ခြင်ခြင် ပေါင်းဖို့ တော့ ဆုံးဖြတ်ပါတယ်။ ကျွှန်တော် က အဲလို လူ မျိုး စိတ်ရင်းကိုသိသွား ရင် စကားမပြောဘူး ထင်လား ။ပြောပါတယ် ပုံမှန်ပဲ ရင်းရင်းနှီးနှီး ပါပဲ။သူမနေတတ်မှာ ဆိုးလို့ ၊ ဒါပေမယ့် စိတ်က သူ့အတွက် အတိုင်းအတာတစ်ခု သတ်မှတ်ပြီးသား ဖြစ်နေတယ်။ကျွှန်တော Online မှာလဲ သိခဲ့ ရတဲ့ သူငယ်ချင်းစစ် တွေရှိတယ်။ နာမည်တော့ မပြောတော့ ဘူး ( ရှက်တတ်တယ် သူတို့က . . . မရှက်တတ်တဲ့ လူ ၁ယောက် ၂ယောက် လဲရှိတယ် :P hehe ) ။ရန်ကုန် ပြန်တုန်းက သူတို့ နဲ့တွေ့ ခဲ့ပါတယ်။ ကျွှန်တော့် ကို အသိပညာ တွေပေးခဲ့တဲ့ အကိုတစ်ယောက်လည်း ရှိတယ်။ကျွှန်တော့်ရဲ့ အခု အလုပ်က IT လိုင်းပါ။ လွန်ခဲ့တဲ့ နှစ်တွေ က ဘာမှန်းမသိတဲ့ ဟာတွေပေါ့ ။သူက ကျွှန်တော့် က Online ကနေသင်ပေးခဲ့တာပါ။ ။သူနဲ့ အပြင်မှာလဲ တွေ့ခဲ့ပါတယ်။ ည ၂နာရီ လောက်မှ Online ၀င်တဲ့သူ့ ကို ကျွှန်တော် က မေးခွန်းတွေ ဆက်တိုက် မေးပြီး သူဆီက ပညာရတာပါ။ သူကတော့ ကျွှန်တော့် Blog က Friend List ထဲမှာ ရှိပါတယ်။နောက် တစ်ယောက်ကတော့ ကျွှန်တော် ရဲ့ လက်ဦးဆရာ Self Study နဲ့ ပညာတွေ ရှိတဲ့ ကိုလတ် ဆိုတဲ Online မ၀င်တတ်တဲ့ လူတစ်ယောက်ပါပဲ။အရမ်းလေးစားဖို့ ကောင်းတဲ့ ကိုယ်ကိုယ့်ကို ဆရာလို့ မသတ်မှတ်တဲ့ လူ ၂ယောက် ပေါ့ဗျာ။ ကျွှန်တော့် ကိ Zero ကနေပြီး Value တစ်ခု ဖြစ်အောင်လုပ်ပေးခဲ့တာပါ ။ပြောရင်းနဲ့ ခေါင်းစဉ်ကို လမ်းချော် သွားပြီ။ အခုတော့ ကျွှန်တော် အလုပ်ကလဲ ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ အလုပ်၊ အားတဲ့ ရက်လေးလဲ လိုက်ပြီး Outside အလုပ်လေးတွေလဲ လုပ်တယ်။ အဲဒီ မှာလဲ လူအမျိုးမျိုး နဲ့ ထပ်တွေ့ ရတယ်။ ပိုက်ဆံ ရှိလို့ မောက်မာတဲ့ လူ တွေ ပိုက်ဆံ ကိုပစ်ပေးပြီး အချိန် Limit နဲ့လုပ်ခိုင်းတာ ကြုံလိုက်ရတယ်။ ငတ်လို့ လုပ်စားတယ်ထင် လို့လဲဖြစ်မယ်။ ကျွှန်တော်ကတော့ အဲလိုလူမျိုးတွေ ကို မကူညီ နိုင်ပါဘူး။ကျွှန်တော် သတ်မှတ်ချက် ကတော့ အသိဥာဏ် မပြည့်ဝ တဲ့လူလို့ သတ်မှတ်ပါတယ်။ ကျွှန်တော် က ဒုက္ခ ရောက်တဲ့ လူကိုပဲ ကူညီချင်တာပါ။ ပြင်ခလဲ အများကြီးမဟုတ်ဘူး ဆိုင်ကယ်ဆီဖိုး သာသာပါ။ ကျွှန်တော် ကူညီလို့ အဆင်ပြေ သွားတဲ့သူတွေလဲ အများကြီးပါပဲ။အဲဒီ မှာလဲ သူငယ်ချင်း အစစ် တွေ အတု တွေရတယ် ။ လိုအပ် ချက်တွေ များနေ တဲ့သူ တွေ ပေါ့။ ဘာပဲ ပြောပြော ကျွှန်တော် ရင့်ကျက်လာတယ် လူတွေ အပေါ် အကဲခတ်လဲ တော်လာတာ နေမယ်။ကျွှန်တော် ကို ကော စာဖတ်သူ ဘယ်လို မြင်လဲ။ လွတ်လွတ် လပ်လပ် ဝေဖန် နိုင်ပါတယ်။ ကျွှန်တော် က သူငယ်ချင်း စစ်ရဲ့ လား လို့ စဉ်းစားပြီး Comment ရေးသွားနိုင်ပါတယ်။ ကျွှန်တော် ကိုယ့်လိပ်ပြာ ကိုယ် လုံတယ်။ပြောနေတုန်း Gtalk မှာ သူငယ်ချင်း အစစ် ၂ယောက် နဲ့ အတု ၄ ယောက် ရှိနေတယ်။ ကဲ ခင်ဗျား ကကော ကျွှန်တော် သူငယ်ချင်း အစစ်လား . . . အတုလား . . ?
Labels: အတွေးအမြင်
0 Comments:
Subscribe to:
Post Comments (Atom)



