Wednesday, September 12, 2007
ကျွန်တော်တို့တွေ Rapidshare က Download လုပ်တဲ့အခါမှာ ခဏခဏ ကြုံရတဲ့ ပြဿနာ လေးတစ်ခုပါ။ Premium Account မရှိတဲ့ သူတွေကို Unlimited Download Access မပေးပါဘူး။ Maximum Download Limit ကျော်သွားရင် Time Countdown နဲ့ ဘယ်လောက် စောင့် ရမယ် ဆိုတာ ပေါ်လာပါတယ်။ ကဲ ဒါကို ကျော်ပြီး ဒေါင်းလုပ်လုပ် မှာပေါ့ . . Time Countdown ကျော်ဖို့ အတွက်သင့် ရဲ့ Ip Address ကိုပြောင်းမယ်။
ဒီအတွက် သင်သုံးတဲ့ Browser ရဲ့ Cookies တွေအရင်ရှင်းရပါမယ်။
ရှင်းဖို့ အတွက်က Browser ကိုဖွင့်ပြီး
Tools -> Options -> Privacy Tab ရဲ့ Private Data က Clear now ကို နှိပ်ပါ။
Clear Private Data ဆိုတဲ့ Box လေးပေါ်လာရင် Cache နဲ့ Cookies ကို Clear လုပ်ပေးပါ။
ကဲဒါဆို ကျွန်တော်တို့ Ip Address ပြောင်းဖို့ လှုပ်ရှား လိုက်ရအောင် . . .
Start -> Run ဒါမှမဟုတ် Window Key + R ကိုနှိပ်ပါ။
Run Box လေးပေါ်လာရင် cmd.exe ဆိုပြီး ရိုက်လိုက်ပါ . .
ပြီးရင် Ok နှိပ်လိုက်ပါ။
အခု Command Prompt Box လေးပေါ်လာရင် ဒီလိုရိုက်ပေးပါ။
ipconfig/flushdns ပြီးရင် Enter နှိပ်
ipconfig/release လို့ရိုက် Enter နှိပ်
ipconfig/renew လို့ရိုက် Enter
ပြီးရင် exit လို့ရိုက်ပြီး ထွက်လိုက်ပါ။
သဘောက Ip Address ကိုအသစ်ပြောင်းလိုက်တာပါ။ အခုဆို ခုနက Time Countdown နဲ့စောင့်ခိုင်းတဲ့ Link ကိုသွားပြီး Download လို့ရပါပြီ။ကျွန်တော် အမြဲဒီနည်း လေးနဲ့လုပ်စား နေရတာပါ။ ဟဲ ဟဲ အိုကေ ဒီ Post လေးကို ဖတ်ရှုသူတွေ အသုံးဝင်ပါစေဗျာ . .
မှတ်ချက် - ကျွှန်တော်က Dynamic Ip ဆိုတော့ အဆင်ပြေ ပေမယ့် Static Ip ဆိုရင်တော့ မလွယ်ပါဘူး။ :)
Labels: IT ဗဟုသုတ
Sunday, September 9, 2007
ဒီ Post လေးက ကွန်ပြူတာ အခြေခံသုံးတတ်တဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။
တော်ကြာ Pro တွေတွေ့ရင်ဒီကောင် Post တင်စရာမရှိလို့ သွေးရူးသွေးတန်း ရေးတယ်ထင်မှာစိုးလို့ . . :P
တကယ်တော့ မသိသေးတဲ့သူတွေ သိထားသင့်တယ်ထင်လို့ပါ။
တကယ်တော့ မသိသေးတဲ့သူတွေ သိထားသင့်တယ်ထင်လို့ပါ။
ကဲစရအောင် . . .
3GP Format ကိုရဖို့ ဆော့ဝဲလ် ၂ ခုလိုပါတယ်။
ပထမတစ်ခုက Mpeg/Divx Converter
နောက်တစ်ခုက 3GP Converter
အိုကေ Vcd Cutter ( Mpeg converter ) နဲ့ 3GP Converter တို့ကို ကျွန်တော့်
Blog လေးမှာ တင်ထားပေးပြီးပါပြီ။
ဒေါင်းလုပ်လုပ် လိုက်ပါ။
ရပြီဆိုရင် ပထမ အဆင့်
၁ . ဗီစီဒီ Format .dat ကနေ Mpeg ကိုပြောင်းရမယ်။
Vcd Cutter ကိုဖွင့်လိုက်ပါ။
အပေါ်က ဘားပေါ်က Tools -> Vcd Convert:Dat -> MPG/MP1.MP3 ဆိုတာလေးကိုရွေးလိုက်ပါ။
Source VCD(.DAT) File Name မှာကိုယ်ပြောင်းချင်တဲ့ ဗီဒီယို ဖိုင်ကိုပြပေး
Distination dir to save မှာကိုယ် သိမ်းချင်တဲ့ နေရာလေးကို Browse လုပ်ပေးလိုက်ပါ
File type to save မှာ MPG မှာပဲထားပါ
Convert လုပ်လိုက်ပါ။
Done လို့ပြရင် ရပါပြီ။
၂ . ဒုတိယအဆင့်က Mpeg ကနေ 3GP ကိုပြောင်းရမှာပါ။
3GP Converter ကိုဖွင့်လိုက်ပါ။
Add Video မှာခုနက ပြောင်းထားတဲ့ Mpeg Format ဗီဒီယိုကို Add လိုက်ပါ။
Output Directory ကိုလဲ ကိုယ်သိမ်းချင်တဲ့ နေရာလေးကို Browse လုပ်ပေးပါ။
Start ကိုနှိပ်လိုက်ပါ။
ခဏစောင့်လိုက်ရင် ရပါပြီ။
ရလာတဲ့ ဖိုင်လေးကို 3GP Player လေးနဲ့ကြည့်ကြည့်ပါ
3GP Format ကို Mpeg ကမဟုတ်ပဲ Divx Converter ရှိရင် Divx ကနေလဲ ပြောင်းလို့ရတယ်။
Quality နဲနဲ ပိုကောင်းပါတယ်။
ကြိုးစားကြည့် လိုက်ပါလား . . .
ဗဟုသုတ ပေါ့ ။
Labels: IT ဗဟုသုတ
Friday, September 7, 2007
Google Search ကိုသုံးပြီး Cd keys ကို လွယ်လွယ်နဲ့ မြန်မြန် ရှာလို့ရပါတယ်...
တကယ့် ကိုရိုးရှင်း လွန်းပါတယ်။
ဥပမာ ပြောရရင် Nero 7 ရဲ့ Cd keys လိုချင်တယ် ဆိုပါစို့ . . .
ကျွန်တော် က Nero 7 94FBR လို့ပဲရိုက်တယ် . .
အဲဒီမှာ Google Search ကထိရောက် တဲ့ Search Results တွေကို ရှာပေးလိမ့်မယ် . . .
သဘော ကတော့ ကိုလိုချင်တဲ့ ဆော့ဝဲလ်အမည် ရဲ့နောက်မှာ 94FBR ပဲထည့်ပေး
Internet Download Manager ဆို Internet Download Manager 94FBR ပေါ့ ။
Labels: IT ဗဟုသုတ
Subscribe to:
Posts (Atom)



