Sunday, May 4, 2008

လစာထုတ်ရက် နိဂုံး

ဆိုင်ကယ် ကိုစီးရင်းနဲ့ တစ်လမ်းလုံး တွေးလာတယ် . . ။ ဒီနေ့ လစာ ရပြီလေ။ ပျောက် သွား မှာ စိုးလို့ လက်တစ်ဖက် က ပိုက်ဆံအိတ် ကို ကိုင် တစ်ဖက်တည်း မောင်းလာတာ (လောဘ လောဘ :P )။ အိမ်ရောက်တော့ မနား သေးဘူး။ အခန်း ထဲ မှာ တွက်ချက် ရေး လုပ်နေရတယ် . . ။

အင်း . . ကျောင်းလခ က .ဒီလောက် ဒီလောက် ဆိုတော့ ပါမစ်ဖိုး နဲ့ ပေါင်းရင် ၊ဆိုင်ကယ် သော့ ရယ် ဘီးခွန် ပျောက်လို့ လုပ် လိုက် ရ တာ တွေက အဲလောက် ရှိတယ်။ ဒီလ အသုံးစရိတ် လဲများတော့ ပေါင်း လိုက်ရင် အင်း . . . ဆိုင်ကယ်ဆီဖိုး က . . ထည့်တွက် ရဦးမယ် ။ ဆိုင်ကယ် ဦးထုတ် မှန်ကာဘာ ၀ယ်ရတာ နဲ့ ပြင်ခရယ် ဆိုရင် . . အားလုံးပေါင်းတော့ ဒီလောက် . .အခန်း လခ ပါ . . ထည့် ပေါင်း လိုက်ရင် . . အဲလောက် ဆိုတော့ ပစ္စည်းဝယ်လို့ မြုတ်နေတာတွေက . လဲ ထည့် တွက်ရင် . . . ပိုက်ဆံ ချည်း ထားတာကလဲ ပေး ရဦးမယ် . . အဲဒါ ပါတွက်ရင် . . . အား ကုန်ဘာဘီ . .

နောက်လအတွက် Stand by လုပ်ဖို့လဲ ချန်ရဦးမယ် . .

အလုပ် ကနောက်ကျလို့ Fine ဖြတ်တာလဲ ပါသေးတယ်။

နိဂုံး ချုပ်တော့ ဒီလတော့ ဂီလာန တိုက်ပြီ လို့တော့သိလိုက်ပြီ။

းးး ဂိန်ဂင် ဂိန်ဂင် ဂိန်ဂင်းး
( ဖုန်းမည်သံ . . ဖုန်းကလဲ ဘက်ထရီ မကောင်းလို့ လဲရဦးမယ် ) :(

ကျောင်းက သူငယ်ချင်း Kelvin ကဖုန်းခေါ်တာ . .
( စကားပြောသံ များကိုမြန်မာလို ဆီလျှော် အောင်ပြန်ပေးထားပါသည် ):P

ကျွှန်တော် : အေးသားကြီးပြော . .


Kelvin : ယောက်ဖ မင်းတော့ နားကားတော့မယ် . .

ကျွှန်တော် : ဟေ ဘာလို့လဲကွ

Kelvin : ကျောင်းက ဆရာက မင်း Assignment ကို Due date မတင်ရင် ဂွမ်းပြီတဲ့ . .

ကျွှန်တော် : ဟာ သူတို့ ကလဲ ဆရာလုပ်နေဘီ သည်းမခံ နိုင်ဝူးလားကွ ဟေ။ ချင်းချင်းတွေ ကိုကွာ နောက်လဲ ဆက်ဆံ ရမယ့်ကိစ္စ ကို . :P

Kelvin : အေး အဲဒါ တော့ မသိဝူး . . . ငါလဲ မပြီးသေးဘူး၊ မင်းပြီးပြီးလားလို့ . ပြီးရင်လဲ ဖုန်းလေး ဘာလေးတော့အုန်း . .

ကျွှန်တော် : !@#$%^&*(*&^%$#@ အင်းပါ

Kelvin : ဒါပဲ ယောက်ဖ

ကျွှန်တော် : အိုကေ . .

စိတ်ပျက်ရတဲ့ အထဲ . .ဖုန်းကလာသေးတယ်။ ဒီလလဲ ကံမကောင်းတဲ့ လ တစ် လ ပဲ ထင်တယ် ။ Assignment ၂ ခုကိုလဲ ဆရာကအကြွေးတောင်း တာကျနေတာပဲ။

ဟာာာ အခုမှ သတိရတယ် . . အ၀တ်တွေလဲလျှော် ရဦးမယ် . . သေဟ သေဟ

0 Comments:

Post a Comment



 

© New Blogger Templates | Webtalks