Monday, August 20, 2007

စိတ်ညစ်တယ် . . .


ကျွန်တော်ကို လူတွေကမုန်းနေတယ်လို့ ထင်နေတယ်. . .
ကျွန်တော် လဲ အရမ်းစိတ်ညစ် တယ် . . . အခုတလော
ကျွန်တော်ဟာ ဘယ်သူ့အတွက်မှ အသုံးမကျတဲ့ လူတစ်ယောက်လိုပဲ
စားချင်တဲ့ အချိန်စား ၊အိပ်ချင်တဲ့ အချိန်အိပ် ၊ထချင်တဲ့ အချိန်မှပဲထတယ်
ကျွန်တော့် စိတ်ကိုလွှတ် ထားပလိုက် ချင်တယ်ဗျာ . . .
ကျွန်တော် ဘာလုပ်လုပ် အကောင်းမမြင်တော့ ကောင်းတာလုပ်ပြီးရင်လဲ
မကောင်းတာလုပ်သလို ပဲခံစားရတယ်ဗျာ . . .
ဘာမှ ကိုယ့်အသိဥာဏ် နဲ့ ကိုယ်လုပ်လို့မရဘူး. . .
သူများ အသိဥာဏ်က ကိုယ့်အသိဥာဏ် ကိုထိန်းချုပ်နေသလိုပဲ
ကျွန်တော် အရင်က အလုပ်ကို စိတ်ဝင်စားတယ်၊ ကြိုးစားလဲလုပ်တယ်
ဒါပေမယ့် ကျွန်တော် ကောင်းအောင်လုပ်လဲ မကောင်းဘူးထင်ကြလားမသိ . .
အကောင်း မြင်တာကနည်းနည်းဗျာ ၊တကယ်ဝမ်းနည်းမိတယ် . . .
ကောင်းတာလုပ်လဲ အပြစ်ပြောစရာ ရှိတာပဲ
အခု ကျွန်တော်အားရင် ကွန်ပြူတာ ရှေ့မှာပဲ နေတယ်
ကျွန်တော့်ကို ကွန်ပြူတာ တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ လူတစ်ယောက်လို့
ထင်ကြဦးမလားမသိဘူး
ကျွန်တော် ကိုယ့်ဟာကိုယ် လေ့လာသင့်တာလေ့လာတယ်
ကျွန်တော် ဘာပဲလေ့လာလေ့လာ ကိုယ့်အနာဂတ် အကျိုးရှိမဲ့ ဟာပဲလေ့လာတယ်
ဘေးကနေပြောနေကြရင် ကျွန်တော် ဘာမှမလုပ်ရဲဘူး
စိတ်ဓာတ်တွေ တစ်အားကျတယ်
ဘယ်သူ့ကိုမှလဲ ဂရုမစိုက်ချင်တော့ဘူး
အလုပ်လဲ စိတ်မ၀င်စားတော့ဘူး
စိတ်ဝင်စားလဲ ဘာမှမထူးဘူး
ကိုယ်ပိုင်အတွေး အခေါ်ဆိုတာ မရှိဘူး
လှောင်အိမ်ထဲကငှက်လိုပဲ
အခုဆိုရင် ကျွန်တော်ဘာလုပ်လုပ်ဂရုမစိုက် ကြတော့ဘူး
ကျွန်တော်လည်း လူတွေကို ဂရုမစိုက်တော့ဘူး
သူပြုံးပြရင် ကိုယ်လဲလိုက်ပြုံး လိုက်တယ်
ကျွန်တော်ကတော့ လူတစ်ယောက်က စိတ်ဓာတ်ရယ်
ကိုယ်ကျင့်တရား မပျက်ရင် ပြီးတာပဲ
ကျွန်တော့် အနာဂတ်အတွက်အမြဲစဉ်းစားတယ်
စိတ်လည်းအရမ်းညစ်တယ် . . .

စိတ်ညစ်တဲ့အချိန်တွေဆို ကျွန်တော့် အမေ ကို အရမ်းသတိရတာပဲ

အကောင်းဆုံးကတော့ ကျွန်တော်သေသွားရင်ကောင်းမယ်
ဒါမှမဟုတ် ကျွန်တော်အတိတ် မေ့သွားရင်ကောင်းမယ်။

0 Comments:

Post a Comment



 

© New Blogger Templates | Webtalks