Saturday, September 8, 2007

နင်သိ ရဲ့လား . . .
နင့်ကို ငါအမြဲသတိရတယ်
နင့်အကြောင်းကို စဉ်းစားတိုင်း ငါမျက်ရည်ဝဲရတယ်
ညအိပ်ယာ ၀င်တိုင်းလဲ နှဖူးပေါ်လက်တင် စဉ်းစားမိတယ်
နင်ဘာကြောင့် ငါတို့ကို စိတ်ဆင်းရဲစေတာလဲဟင် . . .

နင်သိ ရဲ့လား . . .
နင်ရဲ့ တုန့်ပြန်မှုကို မျှော်လင့်နေတဲ့ လူတွေ အများကြီးဆိုတာ
အဲဒီထဲက တစ်ယောက် ဖြစ်တဲ့ ငါလည်း မျှော်လင့်မိတယ်
နင် ဘက်က ဘာတုန့်ပြန်မှု မှ မပြခဲ့ဘူးနော်
ငါ့တို့ကို စိတ်ဆင်းရဲပြီး သေအောင်သတ်နေတာလားဟင် . . .

နင်သိ ရဲ့လား . . .
နင် အကျင့်တွေ တော်တော်ပျက် နေပြီ
နင့်ရဲ့ အပေါင်းအသင်း ငါ့ကိုပါ လူမျိုးခြားတွေက နှိမ်ချင်ကြတယ်
ငါ့ကိုတော့ လာနှိမ်ဖို့ မကြိုးစားနဲ့
ငါအရင်ထက် ပိုကြိုးစားပြီး နင့်သိက္ခာကိုပါ အဖတ်ဆည် ပေးမယ်
ဒီလောက် လိုက်လျောတဲ့ ငါ့ကိုတောင်
နင့်ရဲ့ ယုတ္တိမတန်တဲ့ ဆင်ခြေတွေနဲ့
လက်တစ်လုံးခြား လုပ်နေတုန်းပဲလားဟင် . . .

နင်သိ ရဲ့လား . . .
နင့်ကြောင့် ဘ၀ ပျက်ခဲ့တဲ့ လူတွေ အများကြီး ဆိုတာ
နင် တမင်သက်သက်ပဲ ပျက်အောင် ဖျက်နေတာလား
ဒါမှ မဟုတ် မသိချင်ယောင် ပဲဆောင်နေတာလား
ဘာပဲဖြစ်ဖြစ် နင့်အကျင့်တွေ ပြင်သင့်ပြီဟာ
ငါတို့ နင့်အပေါ် သည်းခံ နိုင်စွမ်းကုန်သွားမှာ စိုးတယ်ဟာ
နင်ပြင်မယ် မဟုတ်လားဟင် . . .

နင်သိ ရဲ့လား . . .
ငါကြားဖူးတဲ့ စကားပုံလေးတွေ ကိုပြောပြမယ်
ကျွှဲပါး စောင်းတီး ဆိုတာလေ
ငါဘယ်လောက် ပြောပြော နင်နားဝင်ပါ့ မလား
နောက်တစ်ခု ရှိသေးတယ်
သားသမီးမကောင်း မိဘခေါင်း တဲ့
နင့်မိဘတွေ အုပ်ထိန်းသူတွေက
နင့်ကို မဆုံးမကြ ဘူးလား
သူတို့မှာ နင့်ကို ထိန်းသိမ်း နိုင်မယ့် ဦးနှောက် မရှိကြဘူးလားဟင် . . .

နင်သိ ရဲ့လား . . .
နင့်မိဘတွေက အရမ်း ရီရတယ်နော် . . .
နင့်အကြောင်းကို လူမျိုးခြားတွေက အင်္ဂလိပ်လို မေးရင်း
နင့်မိဘတွေက တားမတိဝူး ဆိုပြီး မြန်မာလို ပြန်ဖြေတာ
ငါဆိုကြည့်ကြည့် ပြီးအရမ်းရှက်တာပဲ
နင့်မိဘတွေအတွက် အင်္ဂလိပ်စာ သင်တန်းကောင်းကောင်းလေး နင်မရှာပေးနိုင်ဘူးလား
ဒါမှမဟုတ် ငါပဲရှက်ရှက်နဲ့ ရှာပေးရမလားဟင် . . .

တော်ပြီဟာ . . .
မောတယ်
နင်နဲ့မပတ်သက်တာ ပဲကောင်းပါတယ်
အခုဆို ငါလည်း နင့်အကြောင်း မတွေးတော့ဘူး
နင့်နဲ့ အဝေးဆုံးမှာပဲ နေမယ်
နင်နဲ့ ရင်ဆိုင်ရမှာ ဆိုးလို့
တစ်ခြား တစ်နိုင်ငံကို ပြေးထွက်ချင်တယ်
နင်နဲ့ နင့်မိဘတွေ ရီနေမလားပဲ
အဲဒီ ရီသံတွေကိုမုန်းလို့ ငါလေ . . .
တောက် . . . နင်လေ . . နင် . . .
နင်သိပ်ရက်စက် လွန်းပါတယ် ဟာ . . .

. . . . သို့ တမ်းတခြင်း . . .

2 Comments:

  1. hnin said...
    လာဖတ်သွားတယ်နော်။ စာတွေစာတွေ။ နင် သို့မဟုတ် ရက်စက်သူကြီး... သူဘယ်လောက်ရက်စက်ရက်စက် နင် နဲ့သုံးတာတော့ ကြားရတာ အဲ... ဖတ်ရတာ တစ်မျိုးကြီးပဲနော်။ ကဗျာလေးတွေကောင်းတယ်။ အားပေးတယ်။ သိုလေးက ကဗျာ အရမ်းဝါသနာပါတယ်လေ။ ကြယ်စင်ခကိုမိတ်ဆက်ပြီး အောက်မှာ ကြယ်စင်ခ ကဗျာကို ထည့်ပေးထားတော့ နှစ်ယောက်ပေါင်းလုပ်တဲ့ဘလော့ လား။ သိုးလေးက မသိလို့နော်။ ထင်တာတွေ လျှောက်ပြောတာ။ ကဗျာလေးတွေ ရေးပါ။ အမြဲအားပေးမယ်။ တခြားဗဟုသုတရစရာတွေလည်း လိုချင်ပါတယ်။
    အောင်ကောင်း said...
    Thoe Ma LAy Kyal Zin Kya Ka i yae frd par byar... poem lay lo par pal.. i 1 yaut htae lout tae blog lay par.. thoe ma lay yae poem twe ka mite tal naw.. keep it up... :)

Post a Comment



 

© New Blogger Templates | Webtalks